န-စ-ကဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ အွန်လိုင်းမှတဆင့် ယနေ့ တွေ့ဆုံမည်

PUBLISHED - January 26, 2022
နေပြည်တော်၊ ဇန်နဝါရီ ၂၆ (People Media)
မြန်မာ့အရေးနှင့်ပတ်သက်၍ န-စ-ကဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ အွန်လိုင်းမှတဆင့် ယနေ့ တွေ့ဆုံ မည်ဖြစ်ကြောင်း Cambodian Prime Minister မှ သတင်းထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ယမန်နေ့ နံနက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယာ ကော့ဘ်နှင့် ဗီဒီယိုကွန်ဖရန့်စင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် ရှုပ်ထွေးပြီး ခက်ခဲနေသဖြင့် ရေတိုအတွင်း ဖြေရှင်း၍ မရနိုင်သော်လည်း အရေးကြီးသည်မှာ အဖြေတစ်ခုကို ကျွန်ုပ်တို့ ညှိနှိုင်းပြီး မြန်မာပြည်သူများထံ လူသားချင်းစာနာမှု အကူ အညီများ ပေးအပ်ရန် အရေးကြီးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောသည်။
#PeopleMedia #မြန်မာ #ကမ္ဘောဒီးယားဝန်ကြီးချုပ်
(unicode)
…………………………………………………………