န-စ-က ၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၃၀ ရက်၌ ကျင်းပရန်စီစဉ်
PUBLISHED - September 28, 2021
ရန်ကုန်၊ စက်တင်ဘာ ၂၈ (People Media)
န-စ-က ၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၃၀ ရက်၌ ကျင်းပသွားမယ်လို့ နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြ ချက်အရ သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ၌ နေပြည်တော်ရှိ ပြန်ကြားရေးဝန် ကြီးဌာနရုံးတွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း/ပြည်ပ မီဒီယာများ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံပိုင် မီဒီယာ၌ ဖော်ပြချက်အရ သိရသည်။
အလားတူ စက်တင်ဘာ ၂၇ ရက်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မီဒီယာများအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးဖြစ်ထွန်းနိုင်စေရေးတို့အတွက် ဦးတည်ရေးသားကြရန် သတင်းဌာနများကို တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာမှု ပြုလုပ်ခဲ့သည်။
#PeopleMedia #နစက #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
(unicode)
………………………………………………..