• Follow Us on

Home ပက်ထရီယော့ဒုံးပစ်စင်များ ပိုလန်နိုင်ငံတွင်ထုတ်လုပ်တော့မည်

ပက်ထရီယော့ဒုံးပစ်စင်များ ပိုလန်နိုင်ငံတွင်ထုတ်လုပ်တော့မည်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၃

 

ပိုလန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့အစည်းတစ်ခုက ပက်ထရီယော့ဒုံးပစ်စင်ထုတ်လုပ်ရေးစက်ရုံတစ်ခု ကို နိုင်ငံအရှေ့ပိုင်းမှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

 

ဒဗ္ဗလင်အခြေစိုက်အဲဒီစက်ရုံက ပထမဦးဆုံးမှာယူမှုအတွက် စတင်ထုတ်လုပ်နေပြိဖြစ်ကြောင်း ပိုလန်အစိုးရပိုင် Military Aviation Works 1 အဖွဲ့ကို ကိုးကားပြီး TVP World သတင်းဌာနက ရေးသားထားပါတယ်။

 

အဲဒီကုမ္ပဏီဟာ ထုတ်လုပ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ခွင့်ပြုချက် စောင့် ဆိုင်းနေတယ်လို့ ဆိုပါတယ်။

 

ဒီစက်ရုံက ပက်ထရီယော့ဒုံးပစ်စင်တွေ ထုတ်လုပ်နိုင်တယ်ဆိုတာ အမေရိကန်အစိုးရကရော လော့ဟိမာတင် ကုမ္ပဏီကပါ ထောက်ခံချက်ပေးထားပြီးဖြစ်ပါတယ်။

 

“အမှာစာတွေအများအပြားရထားလို့ ကျွန်တော်တို့ ဒုံးပစ်စင်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ စဉ်းစားထားပါတယ်။” လို့ စက်ရုံညွှန်ကြားရေးမှူး ဘတ်တိုလ်မီကက်ပါးချက်က ပြောပါတယ်။

 

တစ်နှစ်ကို ပက်ထရီယော့ဒုံးပစ်စင် ၁၅၀ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။

 

ဒီစက်ရုံဟာ ပိုလန်အစိုးရနဲ့ လော့ဟိမာတင်ကုမ္ပဏီတို့ကြားက ဒေါ်လာ ၄.၇၅ ဘီလျံတန် ဝစ်လာစီမံကိန်းရဲ့ အစားထိုးသဘောတူညီမှုအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

၂၀၁၈ ခုနှစ်က အဆင့်ပေါင်းစုံစီမံကိန်းအရ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်တွေကို ထုတ်လုပ်သွားဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

 

ပိုလန်နိုင်ငံဟာ ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ် ၄ စုံ ဝယ်ယူဖို့ ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံ နဲ့ အပြီးသတ်သဘောတူညီမှုရရှိခဲ့ပါတယ်။

 

Ref: Polish Firm Inaugurates Patriot Missile Launcher Facility

 

#PeopleMedia


Share this post