• Follow Us on
Latest News

Home ပခုက္ကူတံတားအနီးရှိ ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို PDF တွေ ဖမ်းဆီးသွား

ပခုက္ကူတံတားအနီးရှိ ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို PDF တွေ ဖမ်းဆီးသွား

Share this post

နေပြည်တော်၊ ဇူလိုင် ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သစ်ထောင့်တောင်ကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။

 

ဇူလိုင်လ (၂၁)ရက် ညနေ (၆)နာရီခန့်က သစ်ထောင့်တောင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ရှိန်ကို PDF အဖွဲ့ဝင် (၃)ဦးက သေနတ် (၃)လက်ဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးသွားကာ အုပ်ချုပ်ရေးမှူး၏ နေအိမ်မှ ဆိုင်ကယ် (၂)စီးကို ယူဆောင်သွားကြောင်း သိရသည်။

 

ယင်းအပြင် အခြား PDF အဖွဲ့ဝင် (၅) ဦးခန့်သည် သစ်ထောင့်တောင်ကျေးရွာ ရာအိမ်မှူး၏ နေအိမ်သို့လည်း ဓားများကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရာအိမ်မှူးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post