• Follow Us on
Latest News

Home ပခုက္ကူနည်းပညာတက္ကသိုလ် တွဲဘက်ပါမောက္ခလိုက်ပါလာသည့် ဌာနပိုင်ကားကို အကြမ်းဖက် PDF တွေက ဓားပြတိုက်လုယူသွား

ပခုက္ကူနည်းပညာတက္ကသိုလ် တွဲဘက်ပါမောက္ခလိုက်ပါလာသည့် ဌာနပိုင်ကားကို အကြမ်းဖက် PDF တွေက ဓားပြတိုက်လုယူသွား

Share this post

နေပြည်တော်၊ ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ တွဲဘက်ပါမောက္ခလိုက်ပါလာသည့် ဌာနပိုင်ကားကို အကြမ်းဖက် PDF တွေက ဓားပြတိုက်လုယူသွားကြောင်း သိရသည်။

 

ဇူလိုင်လ (၆)ရက် နံနက် (၉)နာရီအချိန်က ပခုက္ကူနည်းပညာတက္ကသိုလ်၏ တွဲဘက်ပါမောက္ခဖြစ်သူ ဒေါ်နှင်း ယုမြိုင်သည် နည်းပညာတက္ကသိုလ် ဌာနပိုင်ယာဉ်အမှတ် 3S-4509 နံပါတ်ပါ MITSUBISHI EX H82W (2011) အဖြူရောင်မော်တော်ယာဉ်ဖြင့် ယာဉ်မောင်း ဦးရဲကိုကို မောင်းနှင်ပြီး ၎င်း၏ မိခင်ဖြစ်သူ ဒေါ်စိန် သောင်း၊ ဒေါ်ကြူကြူစိန် (တွဲဖက်ပါမောက္ခ IEP ဌာန)၊ ဒေါ်ချစ်စုဝင်း (အငယ်တန်း အင်ဂျင်နီယာ-၂)နှင့် ၎င်း၏ သမီးဖြစ်သူ မိဒါလီသော်တို့နှင့်အတူ ပခုက္ကူမြို့သို့ ဆေးခန်းပြရန် သွားရောက်ခဲ့သည်။

 

ယင်းနောက်တွင် ဆေးခန်းသို့ သွားရောက်ခဲ့ပြီးနောက် (၁၂)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် ပခုက္ကူမြို့မှ နည်းပညာ တက္ကသိုလ်သို့ ပြန်လာခဲ့ရာ ပခုက္ကူ- ရေစကြိုသွားကားလမ်း ရေစကြိုမြို့နယ် ကျောက်လှေကား ကျေးရွာအနီး သစ်စက်ရှေ့သို့ အရောက်တွင် အကြမ်းဖက် PDF အဖွဲ့ အင်အား (၃၀)ဦးခန့်သည် သေနတ် အတို/အရှည် (၁၅)လက်ခန့်ကိုင်ဆောင်ကာ ကားအား ရပ်တန့်စေခဲ့သည်။

 

ယင်းသို့ ရပ်တန့်ပြီးနောက်တွင် PDF အဖွဲ့ဝင်များသည် ယာဉ်မောင်း ဦးရဲကိုကိုအား မျက်စိအဝတ်စည်း၍ ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်နောက်မှ တင်၍ခေါ်ဆောင်သွားပြီး ဒေါ်နှင်းယုမြိုင်အပါအဝင် ကားပေါ်တွင် လိုက်ပါလာသည့် (၅)ဦးအားလည်း မျက်စိအဝတ်စည်း၍ ကားဖြင့် အနောက်ဘက် တစ်မိုင်ခန့်အကွာ တောတိုက်သို့ ခေါ်ဆောင်သွားသည်။

 

၎င်းနောက် PDF အဖွဲ့ဝင်များသည် ၎င်းတို့အား တောတိုက်တွင် (၁)နာရီခွဲကြာအောင် ထားရှိကာ နေ့ခင်း (၂)နာရီခွဲအချိန်၌ တောတိုက်၏ မြောက်ဘက် (၁)မိုင်ခန့်အကွာ ဥက္ကံကျေးရွာသို့ ဌာနပိုင်ယာဉ်အား မောင်းနှင်ယူဆောင်သွားကြောင်းနှင့် တွဲဘက်ပါမောက္ခအပါအဝင် (၆)ဦးသည် ယင်းတောတိုက်မှ နည်းပညာတက္ကသိုလ်သို့ ခြေလျင်ပြန်လာခဲ့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post