• Follow Us on
Latest News

Home ပခုက္ကူမြို့တွင် PDF များ၏ ဒရုန်းတစ်စီးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်းရရှိ

ပခုက္ကူမြို့တွင် PDF များ၏ ဒရုန်းတစ်စီးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အင်ဖက်ကျေးရွာအနီးတွင် PDF များ၏ ဒရုန်းတစ်စီးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီကျော်တွင် PDF များမောင်းနှင်လိုက်သည့် တရုတ်နိုင်ငံထုတ် ဆေးဖြန်း ဒရုန်းတစ်စီးကို အင်ဖက်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့မှ Drone Gun ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့၊ ဗန္ဓုလရပ်ကွက်အနီး ဗုံးသီးလာချသည့် ဒရုန်း(၂) စီးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post