• Follow Us on
Latest News

Home ပခုက္ကူမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပခုက္ကူမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ရွှေချောင်းအဝိုင်းတွင် PDF (၁) လောင်းနှင့်အတူ လက်နက်ခဲ ယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇူလိုင်လ ၂၇ ရက် ညနေ ၄ နာရီကျော်တွင် ရွှေချောင်းအဝိုင်းတွင် လုံခြုံရေးတပ်ဖွဲ့မှ မော်တော်ယာဉ်များ စစ် ဆေးမှုဆောင်ရွက်နေစဉ်အတွင်း မော်တော်ဆိုင်ကယ်တစ်စီးမှ ရပ်ပေးခြင်းမရှိသောကြောင့် ထိုမော်တော် ဆိုင်ကယ်အား လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရရှိသည်များမှာ PDF အလောင်း (၁) လောင်း၊ လက်လုပ်ပစ္စတို ၁ လက်၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံးနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းမိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post