ပခုက္ကူမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုလာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြောက်လူးကန်ကျေးရွာအနီးတွင် PDF အလောင်း(၂) လောင်း နှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက် နေစဉ်အတွင်း PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ရာ PDF အလောင်းများကို ရရှိခဲ့ကြောင်း သိရသည်။
ထိုမြောက်လူးကန်ကျေးရွာအနီးတွင် PDF အလောင်း (၂) လောင်း၊ လက်လုပ်သေနတ်(အရှည်) ၂ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု နှင့် ၇.၆၂ မမကျည် ၁၅ တောင့်တို့ သိမ်းဆည်းရရှိကြောင်း သိရသည်။
ပြီးခဲ့သည့်လပိုင်းကလည်း မြောက်လူးကန်ကျေးရွာတွင် ခိုအောင်းနေသည့် PDF (၂) ဦးကိုလည်း လုံခြုံရေး တပ်ဖွဲ့မှ အရှင်ဖမ်းဆီးရရှိသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
Photo – Credit
#PeopleMedia