ပခုက္ကူမြို့နယ်တွင် ပြည်သူပိုင် သစ်ဆိပ်ရှိ သစ်များကို ခိုးထုတ်နေတဲ့ PDF (၃)ယောက် အသေရ
PUBLISHED - June 19, 2024
နေပြည်တော်၊ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာအနီးရှိ ဆင်မင်းသစ်ဆိပ်မှ သစ်များကို ခိုးထုတ်နေသည့် PDF အဖွဲ့ဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းရာတွင် PDF (၃)ယောက်ကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဇွန်လ (၁၈)ရက် ညနေ (၃)နာရီခွဲခန့်တွင် ဆင်မင်းသစ်ဆိပ်မှ ပိတောက်ခွဲသားများကို PDF အဖွဲ့ဝင် (၄၀)ဦးမှ Faw/Dump Truck ကား (၃)စီးဖြင့် လာရောက်ယူဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နယ်မြေရှင်းလင်းရန် သွားရောက်ခဲ့သည်။
ယင်းနောက် PDF အဖွဲ့ဝင်များသည် ကင်မွန်းခါးကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းအရ လိုက်လံ ရှင်းလင်းခဲ့ရာတွင် ကင်မွန်းခါးကျေးရွာ ဆေးပေးခန်း၌ PDF အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများ တွေ့ရှိသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များမှ စတင်ပစ်ခတ်ရှင်းလင်းပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF (၃)ဦး သေဆုံးသွားပြီး ၎င်းတို့ကိုင်ဆောင် လာသည့် BA-63 (NN 170012)နံပါတ်ပါ သေနတ်(၁)လက်၊ BA-63 (JJ 151926) နံပါတ်ပါ သေနတ် (၁) လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် (၁)လက်၊ BA-63 ကျည်အိမ် (၃)ခု၊ ၁၂ဗို့ ကျည်အိမ် (၁)ခု၊ ၇.၆၂x၅၁ မမကျည် (၆၀)တောင့်၊ ၁၂ ဗို့ကျည် (၇)တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia