• Follow Us on

Home ပခုက္ကူမြို့သို့ ဆေးပြရန်လာသည့် မြို့နယ်ပညာရေးမှူး(ငြိမ်း) ၏ မော်တော်ယာဉ်မိုင်းပေါက်ကွဲ၍ နှစ်ဦး ဒဏ်ရာရ

ပခုက္ကူမြို့သို့ ဆေးပြရန်လာသည့် မြို့နယ်ပညာရေးမှူး(ငြိမ်း) ၏ မော်တော်ယာဉ်မိုင်းပေါက်ကွဲ၍ နှစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ပန်းတိုင်ခြုံကျေးရွာ၊ ပခုက္ကူ လေယာဉ်ကွင်းအနီး ကားလမ်းမတွင် သွားဆေးခန်းပြရန်လာသည့် မြို့နယ်ပညာရေးမှူး(ငြိမ်း) ၏ မော်တော် ယာဉ်မှာ PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပခန်းကြီးကျေးရွာမှ ပခုက္ကူမြို့ပေါ်သို့ သွား ဆေးခန်းပြရန်အတွက် သားဖြစ်သူ ဦးရန်နိုင်ဆွေမှာ မော်တော်ယာဉ်ဖြင့် ဖခင်ဖြစ်သူ မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးသောင်းဆွေနှင့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို မော်တော်ယာဉ်ဖြင့် တင်ဆောင်ပြီး မောင်းနှင်လာစဉ် ပခုက္ကူလေယာဉ်ကွင်းအနီး ကားလမ်းမတွင် PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုပေါက်ကွဲမှုကြောင့် မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးသောင်းဆွေမှာ ညာဘက်လည်ဂုတ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၂ ချက်ရရှိပြီး ဒဏ်ရာများမှာ စိုးရိမ်ရကြောင်း၊ သား ဖြစ်သူ ဦးရန်နိုင်ဆွေမှာ ညာဘက်ပါးတွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ လည်ပင်းပေါက်ပြဲဒဏ်ရာ ၁ ချက်တို့ရရှိပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း၊ မော်တော်ယာဉ်ည်း ပျက်စီးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post