• Follow Us on

Home ပခုက္ကူမြို့သို့ PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ လမ်းသွားပြည်သူ (၃) ဦး ဒဏ်ရာရ

ပခုက္ကူမြို့သို့ PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ လမ်းသွားပြည်သူ (၃) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ (၈) ရပ်ကွက်ရှိ မေဖူးငုံအထည်ဆိုင်ရှေ့လမ်းမပေါ်တွင် PDF များမှ ဒရုန်းဖြင့်ပစ်ချတိုက်ခိုက်မူကြောင့် လမ်းသွားပြည်သူ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ပခုက္ကူမြို့မှ ၂ မိုင်ခန့်ကွာဝေးသည့် ပခုက္ကူကျွန်းကျေးရွာဘက်မှ Drone ၁ စင်းဖြင့် အမြင့်မီတာ ၇၀၀ ခန့်မှ Drop Bomb ၁ လုံးဖြင့် ပခုက္ကူမြို့ပေါ်သို့ PDF များမှ ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ချတိုက်ခိုက်သည့် ဒရုန်းမှာ (၈) ရပ်ကွက်ရှိ မေဖူးငုံအထည်ဆိုင်ရှေ့လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲမှု ကြောင့် အနောက်ချောက်ကန်ကျေးရွာတွင် နေသည့် အသက်(၃၇)နှစ်အရွယ် ဦးမြင့်လွင်မှာ ညာဘက်ခြေ ဖမိုး/ခြေသလုံး/ပေါင်/ဝမ်းဗိုက်/ဆီးခုံတိုတွင်ဗုံးစထိမှန်ဒဏ်ရာ ၅ ချက်(မစိုးရိမ်ရ)၊ ပခုက္ကူမြို့တွင် နေသည့် အသက် (၄၀) နှစ်အရွယ် ဦးသိန်းဝင်းမှာ ညာဘက်လက်ပြင်ဗုံး စထိမှန်ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ) နှင့် (၁၅) ရပ်ကွက်တွင် နေသည့် အသက်(၅၉) အရွယ် ဘယ်ဘက် ဘက်ချိုစောင်း ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) တို့အသီးသီးရရှိပြီး ဒဏ်ရာရရှိသူများကို ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia


Share this post