ပခုက္ကူတက္ကသိုလ်အနီး လမ်းလယ်ကျွန်း၌ လက်လုပ်မိုင်း နှစ်လုံး တွေ့ရှိ၍ တာဝန်ရှိသူများ ရှင်းလင်းခဲ့ရ

PUBLISHED - January 31, 2022
မကွေး၊ ဇန်နဝါရီ ၃၁ (People Media)
ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ်နှင့် ဂူတောင်ဘုရားကျောင်းတိုက်အနီး ရွှေကူအဆောင်ရှေ့ရှိ လမ်းလယ်ကျွန်းပေါ်၌ လက်လုပ်မိုင်း နှစ်လုံး တွေ့ရှိ၍ တာဝန်ရှိသူများက ရှင်းလင်းခဲ့ရ ကြောင်း မြို့ခံများက ပြောသည်။
“မိုင်းတွေ့တဲ့နေရာက တက္ကသိုလ်ရှေ့မှာ ပခုက္ကူ-မြိုင် ကားလမ်းမရှိတယ်။ အဲ့ဒီလမ်းမရဲ့ လမ်းလယ်ကျွန်းမှာ ထောင်ထားတာ။ ဒီနေရာက မြို့ရဲ့ အချက်အခြာကျတဲ့ လမ်းမကြီး ဖြစ်တယ်” လို့ မြို့ခံတစ်ဦးက ပြောသည်။
အလားတူ ပခုက္ကူမြို့၌ ပြီးခဲ့သည့်ရက်ပိုင်းက KBZ မီနီဘဏ်(ပိတ်ထားသည့်ဘဏ်)ရှိ ATM စက်သည် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရမှုကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရှိ မြို့နယ်များသည် ဒေသခံ PDF အဖွဲ့များ အားကောင်းလျက်ရှိပြီး အလားတူ ရေစကြိုမြို့နယ်ရှိ ရဲစခန်းများနှင့် မြိုင်မြို့နယ်ရှိ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်များ ဆုံးရှုံးခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။
#PeopleMedia #ပခုက္ကုမြို့ #ပခုက္ကူတက္ကသိုလ်
(unicode)
…………………………………………………………
#PeopleMedia #ပခုက်ကုမွို့ #ပခုက်ကူတက်ကသိုလျ