ပခုက္ကူမြို့ရှိ NLD အမတ်ဟောင်း (၃) ဦး၏ နေအိမ် ချိတ်ပိတ်ခံထားရဟုဆို

PUBLISHED - November 15, 2021
မကွေး၊ နိုဝင်ဘာ ၁၅ (People Media)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ NLD ပါတီ အမတ်ဟောင်း (၃) ဦး၏ နေအိမ်များကို ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာက ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ချိတ်ပိတ်ခံခဲ့ရသည့် NLD ပါတီဝင်များ ဖြစ်ကြသော ပခုက္ကူမြို့ တိုင်းအမတ်ဟောင်း ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့ ပြည်သူ့လွှတ်တော်က အမတ်ဟောင်း ဦးသက်ကြူနှင့် ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပခုက္ကူမြို့ ပြည်သူ့လွှတ် တော် အမတ်ဟောင်းဖြစ်သူ ဦးပိုက်ကိုတို့ ဖြစ်တယ်လို့ သိရပါတယ်။
“တိုင်းအမတ်ဟောင်း ဒေါ်ဇင်နီနီဝင်းနဲ့ ဦးသက်ကြူတို့က ၂၀၂၀ ရွေးကောက်ခံ အမတ်ဟောင်းတွေပါ။ ဦးပိုက်ကိုကတော့ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်ဟောင်းဖြစ်တယ်” လို့ ဒေသခံ တစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ NLD ပါတီဝင်များ၊ NLD ရွေးကောက်ခံ အမတ်ဟောင်းများ၊ စီးပွား ရေးရှင်အချို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုမှုများ ချိတ်ပိတ်ခံရမှုများ ဖြစ်ပေါ်နေပါတယ်။
န-စ-က အစိုးရမှ NUG/CRPH/PDF အဖွဲ့များနှင့် ပါဝင်ပတ်သက်သော ထောက်ပံ့မှုပြုလုပ်သူများ၏ ပိုင်ဆိုင်မှု များကို ချိတ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်လျက်ရှိပါတယ်။
#PeopleMedia #ပခုက္ကူ #NLDအမတ်
(unicode)
……………………………………………………
#PeopleMedia #ပခုက်ကူ #NLDအမတျ