ပင်လယ်နက်အတွင်း ပြင်သစ်စစ်သင်္ဘော၏လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်လေ့လာနေကြောင်း ရုရှားပြော

PUBLISHED - December 15, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)
ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ တင်းမာမှုမြင့်တက်နေစဉ် ပင်လယ်နက်အ တွင်း ရုရှားနယ်စပ်နှင့် နီးကပ်နေသောရေပြင်၌ လှုပ်ရှားသွားလာနေသည့် ပြင်သစ်စစ်သင်္ဘောကို အနီးကပ် စောင့်ကြည့်လေ့လာနေကြောင်း ရုရှားနိုင်ငံက ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောကြားလိုက်သည်။
ပြင်သစ်ရေတပ်မှ ဘက်စုံသုံးဖရီးဂိတ်စစ်သင်္ဘော Auvergne ပင်လယ်နက်အတွင်းဝင်ရောက်လာပြီးနောက် ယင်းသင်္ဘော၏လှုပ်ရှားမှုများကို ရုရှားပင်လယ်နက်ရေတပ်အုပ်စုက စောင့်ကြည့်လေ့လာလျက်ရှိကြောင်း ရုရှား သတင်းဌာနများကထုတ်ပြန်ခဲ့သည့်ကြေညာချက်များတွင် ကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခဲ့သော်လည်း အသေးစိတ်ဖော်ပြပြောဆိုခြင်းမရှိပေ။
ယခင်ဆိုဗီယက်ပြည်နယ်ဟောင်းဖြစ်သော ယူကရိန်းနိုင်ငံအနီး ရုရှားတပ်များလှုပ်ရှားမှုနှင့်ပတ်သက်၍ ရုရှားနိုင် ငံနှင့် အနောက်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများမြင့်တက်လျက်ရှိသည်။
အနောက်နိုင်ငံများက ဆက်ဆံရေးတင်းမာအောင်သွေးထိုးပေးနေသည်ဟု ရုရှားနိုင်ငံကပြောဆိုနေသော်လည်း ရုရှားနိုင်ငံသည် ယူကရိန်းကို ဆောင်းရာသီတွင် ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ယူက ရိန်းနှင့် အနောက်အုပ်စုမဟာမိတ်နိုင်ငံများက ရုရှားကိုစွပ်စွဲပြောဆိုလျက်ရှိသည်။
ဒီဇင်ဘာလ ၉ ရက်နေ့က ပင်လယ်နက်ကောင်းကင်ယံတွင် ပြင်သစ်နှင့် အမေရိကန် စစ်လေယာဉ်ငါးစင်းကို အနီးကပ်စောင့်ကြပ်ကြည့်ရှုရန်အတွက် ရုရှားဂျက်တိုက်လေယာဉ်သုံးစင်းကို စေလွှတ်ခဲ့ပြီး နယ်စပ်မှ အဝေး သို့မောင်းထုတ်ခဲ့ရကြောင်း ရုရှားစစ်ဘက်ကပြောသည်။
ဒီဇင်ဘာလ ၈ ရက်နေ့က ပင်လယ်အနက်ကောင်းကင်ယံ တွင် ပြင်သစ်လေယာဉ်သုံးစင်းဝင်ရောက်ခဲ့သဖြင့် ရုရှားတိုက်လေယာဉ်များက စောင့်ကြပ်ကြည့်ရှု မောင်းထုတ်ပြီးနောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယင်း လေယာဉ်ငါးစင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စု၏မဟာမိတ်ဖြစ်သော ယူကရိန်းနိုင်ငံကို မကျူးကျော်ရန် ရုရှားနိုင်ငံအား အနောက်နိုင်ငံများက အကြိမ်ကြိမ်သတိပေးခဲ့သည်။
ရုရှားနိုင်ငံက တပ်အင်အားအလုံးအရင်းစုစည်းပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာပါက စီးပွားရေး အရေးယူပိတ်ဆို့မှုများချမှတ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဥရောပသမဂ္ဂက ဒီဇင်ဘာလ ၁၃ ရက်နေ့က သတိ ပေးပြောဆိုလိုက်သည်။
ရုရှားအစိုးရအနေဖြင့် ယူကရိန်းအားကျုးကျော်တိုက်ခိုက်ပါက မဟာဗျူဟာမြောက် နောက်ဆက်တွဲအကျိုး ဆက်များကို ကြီးကြီးမားမားတွေ့ကြုံခံစားရမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ရုရှားနိုင်ငံကို လွန်ခဲ့သည့် သီတင်း ပတ်က သတိပေးခဲ့သည်။
ပြင်သစ်နိုင်ငံအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ပင်လယ်နက်ဒေသတွင်းဆက်ဆံရေးတင်မာမှုများဖြစ်ပေါ် လာအောင်ဖန်နီးနေသဖြင့် ရုရှားနိုင်ငံက ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိကြောင်းပြောဆိုခဲ့သည်။
Ref: Russia Says Monitoring French Warship in Black Sea
#PeopleMedia
(unicode)
…………………………………………………………….
Ref: Russia Says Monitoring French Warship in Black Sea
#PeopleMedia