ပင်လယ်ကွေ့ဒေသရှိ မြေအောက်ဒုံးကျည်စခန်း အီရန်တပ်မတော် ထုတ်ဖော်ပြသ

PUBLISHED - January 10, 2021

နိုင်ငံတကာ၊ ဇန်နဝါရီ ၉ (People Media)
အီရန်နှင့် အမေရိကန်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်နေစဉ် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ က အမည်မဖော်ပြထားသော ပင်လယ်ကွေ့ဒေသရှိ မြေအောက်ဒုံးကျည်စခန်းတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
“ဒီအခြေစိုက်စခန်းက အီရန်ရေတပ်ရဲ့ မဟာဗျူဟာမြောက် မြေအောက်စခန်းတွေထဲက တစ်ခုဖြစ်ပါ တယ်” ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟူစိန်ဆာလာမိအား ကိုးကား၍ နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။
ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျောက် မြေအောက်ဒုံးကျည်စခန်းများ တည်ဆောက်ခဲ့ရာ အီရန်နိုင်ငံ၏ ရန်သူများအတွက် အိပ်မက်ဆိုးများဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြီးခဲ့သည့်နှစ်အတွင်း သတိပေး ခဲ့သည်။
“ဒီဒုံးကျည်တွေက အကွာအဝေးများစွာအထိ ပစ်ခတ်နိုင်ပြီး တိကျမှုရှိကာ အဖျက်စွမ်းအား ကြီးမားသည့် အပြင် ရန်သူ့အီလက်ထရောနစ်စနစ်ကို ကျော်ဖြတ်နိုင်ကြောင်း ဗိုလ်ချုပ် ဆာလာမိက ပြောသည်။
မကြာသေးမီက ပင်လယ်ကွေ့ဒေသအတွင်း အီရန်တပ်မတော်နှင့် အမေရိကန်တပ်မတော်ကြား ထိပ် တိုက်တွေ့ဆုံမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်။
ဟော်မုတ်ဇ်ရေလက်ကြား ဖြတ်သန်းချိန်တွင် စစ်သင်္ဘောများကိုနှောက်ယှက်ရန် အီရန်ရေတပ်က အမြန် သွား တိုက်ခိုက်ရေးရေယာဉ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်တပ်မတော်က စွပ်စွဲခဲ့သည်။
ကိုးကား – ရိုက်တာ
Ref; Iran Guards unveil underground missile base in Gulf
(unicode)
………………………………………..
Ref; Iran Guards unveil underground missile base in Gulf