• Follow Us on
Latest News

Home ပင်လယ်ပြင်အတွင်း၌ ရာသီဥတုဆိုးဝါးမှုကြောင့် သောင်တင်နေသော ငါးဖမ်းရေယာဉ်တစ်စီး၏ လှေလုပ်သား (၁၈) ဦးကို တပ်မတော်(ရေ)မှ သွားရောက်ကယ်ဆယ်

ပင်လယ်ပြင်အတွင်း၌ ရာသီဥတုဆိုးဝါးမှုကြောင့် သောင်တင်နေသော ငါးဖမ်းရေယာဉ်တစ်စီး၏ လှေလုပ်သား (၁၈) ဦးကို တပ်မတော်(ရေ)မှ သွားရောက်ကယ်ဆယ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနောက်ဘက် ၈ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက မိုးကောင်း(၉) အမည်ရှိ ငါးဖမ်း ဝါးလက်လှေသည် ရာသီဥတုဆိုးဝါးမှုကြောင့် မြန်မာ့ပင်လယ်ပြင် အတွင်း သောင်တင်နေသော ငါးဖမ်းရေယာဉ်တစ်စီး၏ လှေလုပ်သား (၁၈) တို့ကို တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ငါးဖမ်း ဝါးလက်လှေသည် ရာသီဥတုဆိုးဝါးမှုကြောင့် စက်ချို့ယွင်းမှုဖြစ်ပေါ်ပြီး ဟိုင်းကြီးကျွန်းအနောက် ဘက် ၈ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေမျော၍ ကျောက်တန်းပေါ်သို့ တင်နေခြင်းဖြစ်သည်။

 

ထိုသို့ ဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက စစ်ရေယာဉ်များဖြင့် အဆိုပါနေရာ သို့ သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ‌လှေပေါ်ပါ လှေသား ၁၈ ဦး အား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဝတ်အထည်နှင့် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 

#PeopleMedia


Share this post