ပင်တဂွန်က AT4 လောင်ချာနဲ့ ကာဂူးစတတ်ဗုံးသီးတွေ ဆာ့ဘ်ကုမ္ပဏီထံက မှာယူ

PUBLISHED - September 20, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀
ဆွီဒင်နိုင်ငံက စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဆာ့ဘ်ကုမ္ပဏီ (Saa) ဟာ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနအတွက် AT4 ကာဂူးစတတ်လောင်ချာနဲ့ ဗုံးသီးတွေ ထုတ်လုပ်ပေးဖို့ ဒေါ်လာ ၁၀၄.၉ သန်းတန် ကန်ထရိုက်လုပ်ငန်းတစ်ခုကို လက်ခံရရှိလိုက်ပါတယ်။
မူလသဘောတူညီချက်ဟာ အမေရိကန်ကြည်းတပ်၊ မရိန်းတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေအတွက် တင့်ဖျက်လက် နက်နဲ့ ဆက်စပ်ခဲယမ်းတွေထောက်ပံ့ပေးဖို့အတွက် လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကန်ထရိုက်စာချုပ်ပေါ် မှာ အခြေခံထားတာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်ကြည်းတပ်၊ မရိန်းတပ်ဖွဲ့တွေနဲ့ အထူးတပ်ဖွဲ့ကွန်မန်ဒိုတွေအတွက် အလားတူလက်နက်/ ခဲ ယမ်းတွေကို ထုတ်လုပ်ပေးဖို့ နောက်ထပ်ကန်ထရိုက်စာချုပ်တစ်ခုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ချုပ်ဆိုခဲ့ ပါတယ်။
နောက်ဆုံးစာချုပ်ချုပ်ခဲ့တဲ့ အမှာစာအရ ဆာ့ဘ်ကုမ္ပဏီဟာ အမေရိကန်အတွက် AT4CS RS လောင်ချာတွေနဲ့ အမေရိကန်နိုင်ငံမှာ HE 441E လို့ခေါ်တဲ့ HE 448 ခွင်းကျည်တွေကို ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။
အဲဒီလက်နက်ခဲယမ်းတွေကို ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်ကြားမှာ တင်ပို့သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဆာ့ဘ်ကုမ္ပဏီထုတ် ပခုံးထမ်းလောင်ချာဖြစ်တဲ့ AT4 ကာဂူးစတတ်လောင်ချာဟာ နည်းဗျူဟာမြောက် ပစ်မှတ် မျိုးစုံကို ထိထိရောက်ရောက် ချေမှုန်းတိုက်ခိုက်ရာမှာ တခြားလက်နက်တွေထက် ပိုမိုအစွမ်းထက်ပြီး လက်နက် ကိုင်ဆောင်တဲ့တပ်ဖွဲ့ဝင်ရဲ့ ဘေးကင်းလုံခြုံမှုကို ပိုမိုရရှိစေကြောင်း ဆာ့ဘ်ကုမ္ပဏီရဲ့ CEO နဲ့ ဥက္ကဋ္ဌဖြစ်သူ အဲရစ် စမစ်က ပြောပါတယ်။
AT4CS RS ပခုံးထမ်းလောင်ချာဟာ တင့်ကားနဲ့ သံချပ်ကာယာဉ်တွေကို ပစ်ခတ်ချေမှုန်းဖို့ ဒီဇိုင်းရေးဆွဲထုတ် လုပ်ထားတဲ့ တစ်ခါသုံးပခုံးထမ်းလောင်ချာဖြစ်ပါတယ်။
အဲဒီ AT4 ပခုံးထမ်းလောင်ချာကို ၁၉၈၀ ပြည့်လွန်နှစ်များမှာ အမေရိကန်ကြည်းတပ်က စတင်သုံးစွဲခဲ့တာဖြစ်ပါ တယ်။ အဲဒီအချိန်ကတည်းကနေ အခုအချိန်အထိ ဆာ့ဘ်ကုမ္ပဏီဟာ အမေရိကန်တပ်မတော်အတွက် AT4 ပခုံးထမ်းလောင်ချာ အလက်ရေ ၇၀၀,၀၀၀ ကျော် ထောက်ပံ့ခဲ့ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာအဖွဲ့အစည်း ၁၅ ခုဟာ အဲဒီ AT4CS RS ပခုံးထမ်းလောင်ချာနဲ့ မူကွဲလောင်ချာတွေ ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ပြီး အသုံးပြုနေကြပါတယ်။
တပြိုင်တည်းမှာပဲ ကာဂူးစတတ်နောက်ပွင့်ရိုင်ဖယ်တွေအတွက် တိကျမှုနဲ့ အရည်အသွေးမြှင့်တင်ထားတဲ့ HE 448 ခွင်းကျည်တွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ကွင်းပြင်ထဲမှာရှိတဲ့ ခြေလျင်တပ်ရင်းတွေကို တိုက်ခိုက်တဲ့အခါဖြစ်စေ၊ ကတုတ်ကျင်းတွေ/ဆက်သွယ် ရေးမြောင်းတွေထဲမှာရှိတဲ့ ရန်သူကို တိုက်ခိုက်တဲ့အခါဖြစ်စေ၊ သံချပ်ကာယာဉ်မဟုတ်တဲ့ သာမန်အမိုးဖွင့်ယာဉ် တွေနဲ့ လိုက်ပါလာတဲ့တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အခါဖြစ်စေ အဲဒီဗုံးသီးရဲ့ ဘက်စုံသုံးစနက်တံကို လေကွဲပစ် ခတ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
အရေအတွက်မသိရတဲ့ ကာဂူးစတက်ဗုံးသီးတွေထုတ်လုပ်ပေးဖို့အတွက် ဆွီဒင်နိုင်ငံဟာ မေလအတွင်းက ဆာ့ဘ်ကုမ္ပဏီနဲ့ ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
မတ်လအတွင်းကလည်း လစ်သူယေးနီးယားအစိုးရဟာ ဆာ့ဘ်ကုမ္ပဏီထံက ကာဂူးစတတ်ဗုံးသီး ဒေါ်လာ ၁၃.၈ သန်းဖိုး ဝယ်ယူခဲ့ပါတယ်။
နော်ဝေတပ်မတော်အတွက်လည်း အဲဒီကာဂူးစတတ်နောက်ပွင့်ရိုင်ဖယ်ကျည်တွေ ရေရှည်ထုတ်လုပ်ပေးဖို့ ပြီးခဲ့ တဲ့နှစ်က ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံကလည်း AT4 လက်နက်တွေထုတ်လုပ်ပေးဖို့ အခုနှစ်အစောပိုင်းက ဆာ့ဘ်ကုမ္ပဏီနဲ့ ဒေါ်လာ ၂၆ သန်းတန်ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံကလည်း အဲဒီတင့်ဖျက်လက်နက်တွေဝယ်ယူဖို့အတွက် ၂၀၂၂ ခုနှစ်မှာ ဆာ့ဘ်ကုမ္ပဏီနဲ့ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရပါတယ်။
Ref: US DoD Orders AT4 Systems, Carl-Gustaf Munitions From Saab
#PeopleMedia