ပင်လည်ဘူးမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄ဒသမ၈) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

PUBLISHED - March 18, 2025
နေပြည်တော်၊ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၏ အနောက်တောင်ဘက် (၂၆) မိုင်ခန့်အကွာတွင် ယနေ့ မွန်းလွဲ ၂နာရီ အချိန်က အင်အား ရစ်(ခ်)တာ စကေး (၄ ဒသမ ၈) အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ (၂)နာရီ၊ (၁၉)မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပင်လည်ဘူးမြို့၏ အနောက်ေ တာင်ဘက် (၂၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၁၁) ဒီဂရီ၊ အနက်(၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄ ဒသမ ၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
မတ်လ ၁၇ရက်နေ့၊ ည ၉နာရီ၊ ၂၈မိနစ်၊ ၃၉စက္ကန့် အချိန်တွင်လည်း ကမာရွတ်မြို့နယ်၏ မြောက်ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆ ဒသမ ၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၃)ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။
Photo-Credit
#PeopleMedia