• Follow Us on
Latest News

Home ပင်လယ်နက်ထဲက နောက်ထပ် ရုရှားစစ်သင်္ဘောတစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းပြော

ပင်လယ်နက်ထဲက နောက်ထပ် ရုရှားစစ်သင်္ဘောတစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

ယူကရိန်းစစ်ပွဲ နှစ်နှစ်နီးပါးရှိလာတဲ့အချိန်မှာ ပင်လယ်နက်ထဲမှာ နောက်ထပ် ရုရှားစစ်သင်္ဘောတစ်စီးကို တိုက် ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

မြေပြင်က စစ်ရေးအခြေအနေဟာ တစ်နှစ်ကျော်ကြာတဲ့အထိ ထူးထူးခြားခြား အပြောင်းအလဲမရှိသေးပေမဲ့ ယူကရိန်းပြည်ပပို့ကုန်အတွက် အလွန်အရေးကြီးတဲ့နယ်မြေဖြစ်တဲ့ ပင်လယ်နက်ထဲမှာတော့ ရုရှားတွေဟာ ခုံခံ စစ်ဆင်နွှဲနေရတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

 

ခရိုင်းမီးယားကျွန်းဆယ် ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ရုရှားကမ်းထိုးရေယာဉ် ဆီဆာကူနီကော့ဗ်ကို ယူကရိန်း တပ်ဖွဲ့ဝင်တွေနဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

 

ယူကရိန်းစစ်ထောက်လှမ်းရေးက တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သင်္ဘောတစ်စီးပေါ်က မီးတောက်တွေနဲ့ မီးခိုးတွေ လွင့်တက်နေတာကို မြင်နေရပါတယ်။

 

“အလက်ကာမြို့အနီးက ယာယီသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်မှာရှိနေတဲ့ ရန် သူ့စစ်သင်္ဘောကို Magura V5 မောင်းသူမဲ့ရေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

 

မော်စကိုအစိုးရကတော့ မဟာဗျူဟာမြောက်ပင်လယ်ပြင်ထဲမှာ ယူကရိန်းမောင်းသူမဲ့ရေယာဉ် ခြောက်စီးကို ပစ် မြှုပ်ခဲ့တယ်လို့ ပြောပါတယ်။

 

၂၀၁၄ ခုနှစ်မှာ ရုရှားတွေသိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြီးခဲ့တဲ့ နွေရာသီ တန်ပြန်ထိုးစစ်စတင်က တည်းက ယူကရိန်းဘက်က ဒရုန်းတွေ၊ ဒုံးကျည်တွေအသုံးပြုပြီး အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံအနေနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကို ကာကွယ်ဖို့ ကြိုးပမ်းဆောင်ရွက်နေ တာမို့လို့ စစ်ပွဲစတင်ကတည်းက အခုအချိန်အထိ ရုရှားပင်လယ်နက်ရေတပ်အုပ်စုထဲက တတိယမြောက် စစ် သင်္ဘောကို တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောပါတယ်။

 

Ref: Ukraine Says Destroyed Russian Landing Ship in Black Sea

 

#PeopleMedia


Share this post