• Follow Us on

Home ပင်လယ်နီထဲက အရပ်ဘက်ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဟူသီသူပုန်တွေကို ရုရှားက ဂြိုဟ်တုသတင်း အချက်အလက်တွေ ထောက်ပံ့ပေးခဲ့

ပင်လယ်နီထဲက အရပ်ဘက်ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဟူသီသူပုန်တွေကို ရုရှားက ဂြိုဟ်တုသတင်း အချက်အလက်တွေ ထောက်ပံ့ပေးခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

 

ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပင်လယ်နီထဲက အရပ်ဘက်ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် ရုရှား နိုင်ငံက အခုနှစ် အစောပိုင်းက ဂြိုဟ်တုသတင်းအချက်အလက်တွေ ထောက်ပံ့ခဲ့ကြောင်း Wall Street Journal က ကြာသပတေးနေ့ (အောက်တိုဘာ ၂၄ ရက်နေ့) က ရေးသားခဲ့ပါတယ်။

 

အဲဒီသတင်းအချက်အလက်တွေကို အီရန်ကြားခံလူတွေက လွှဲပြောင်းပေးခဲ့ပြီး သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့ကြောင်း ဒီကိစ္စနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးနဲ့ အမည်မဖော်လိုတဲ့ ဥရောပစစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်နှစ်ဦးကို ကိုးကားပြီး The US daily သတင်းစာမှာလည်း ဖော်ပြခဲ့ပါ တယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို ဟားမတ်စ်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဖြစ်ပွားခဲ့ တဲ့ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်းပြသတဲ့အနေနဲ့ ယီမင်နိုင်ငံ နယ်မြေအများစုကို ထိန်း ချုပ်သိမ်းပိုက်ထားတဲ့ ဟူသီသူပုန်တွေက ပင်လယ်နီထဲက အရပ်ဘက်သင်္ဘောတွေကို စတင်ပစ်မှတ်ထားတိုက် ခိုက်ခဲ့ပါတယ်။

 

ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပင်လယ်နီထဲမှာ အဓိက ရေလမ်းကြောင်း သိသိသာသာ ထိခိုက်ပျက်စီး ခဲ့ပါတယ်။

 

ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ဟာ ဒေသတွင်း ရေတပ်အုပ်စုကို ညွန့်ပေါင်းအုပ်စုအဖြစ် တပ်ဖြန့်ချထားခဲ့သလို ယီမင်နိုင်ငံထဲက ဟူသီသူပုန်ပစ်မှတ်တွေကို လည်း လေကြောင်းက တိုက်ခိုက်ခဲ့ကြပါတယ်။

 

တစ်နှစ်အတွင်းနီးပါးကာလမှာ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော်ရှိခဲ့ပြီး သင်္ဘောသား ၄ ဦး သေဆုံးခဲ့သလို သင်္ဘော ၂ စီး နစ်မြုပ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက သင်္ဘောတစ်စီးပြန်ပေးဆွဲ ခံရပြီး သင်္ဘောသားတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ်ပွဲစတင်ကတည်းက အနောက်နိုင်ငံတွေ ကချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံရေးအရ ဖယ်ကျဉ်ထားမှုတွေကို လက်တုံ့ပြန်ဖို့ စိတ် အားထက်သန်နေတယ်လို့ဆိုပါတယ်။

 

အခုသတင်းဟာ BRICS အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး ကျင်းပခါနီးမှာ ထွက်ပေါ်လာတာလို့ဆိုပါတယ်။

 

BRICS အဖွဲ့ဟာ တရုတ်၊ အိန္ဒိယ၊ အီရန်အပါအဝင် ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးရှိတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံပါဝင် တဲ့ သံတမန်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီတိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားကို ရောက်ရှိနေကြောင်း အမေရိကန်၊ တောင်ကိုရီးယား၊ နေတိုးအဖွဲ့နဲ့ ယူကရိန်းနိုင်ငံက ရုရှားကို စွပ်စွဲထားပါတယ်။

 

Ref: Russia Helped Houthis Target Red Sea Ships: Report

 

#PeopleMedia


Share this post