• Follow Us on

Home ပင်လယ်နီထဲမှာ ကုန်တင်သင်္ဘောတစ်စီးကို ဟူသီသူပုန်တွေ ဒုံးကျည်နဲ့ပစ်ခဲ့တဲ့အတွက် သင်္ဘောသား ၃ ဦး သေဆုံး

ပင်လယ်နီထဲမှာ ကုန်တင်သင်္ဘောတစ်စီးကို ဟူသီသူပုန်တွေ ဒုံးကျည်နဲ့ပစ်ခဲ့တဲ့အတွက် သင်္ဘောသား ၃ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ မတ် ၇

 

ပင်လယ်နီထဲမှာ ခုတ်မောင်းနေတဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဟူသီသူပုန်တွေက ဗုဒ္ဓဟူးနေ့ (မတ်လ ၆ ရက် နေ့) က ဒုံးကျည်တစ်စင်းနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သင်္ဘောသား ၃ ဦး သေဆုံးသွားကြောင်း အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ပြောကြားလိုက်ပါတယ်။

 

ယီမင်နိုင်ငံ ဧဒင်ဆိပ်ကမ်းမြို့နဲ့ ရေမိုင် ၅၀ ဝန်းကျင်ကွာဝေးတဲ့ ပင်လယ်ပြင်မှာ ခုတ်မောင်းနေတဲ့ ဂရိပိုင် ဘာ ဘေးဒို့စ်အလံလွှင့်တင်ထားတဲ့ True Confidence သင်္ဘောကို တိုက်ခိုက်ခဲ့တာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့က ကြေညာခဲ့ပါတယ်။

 

“အပြစ်မဲ့သင်္ဘောသား ၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းကို အ ဆင်အခြင်မဲ့တိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းဖွယ်ရာ နောက် ဆက်တွဲအကျိုးဆက်ဖြစ်ပါတယ်။ ဟူသီအဖွဲ့အနေနဲ့ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ရမှာဖြစ်ပါတယ်။” လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

 

ဂါဇာဒေသမှာစစ်ပွဲဖြစ်ပွားနေစဉ်အတွင်း ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်ကြောင်း ပြသဖို့ဆိုတဲ့အကြောင်း ပြချက်နဲ့ ပြီးခဲတဲ့နှစ် နိုဝင်ဘာလကစပြီး ဟူသီသူပုန်တွေဟာ ပင်လယ်နီထဲမှာ သွားလာနေတဲ့သင်္ဘောတွေကို တိုက်ခိုက်လျက်ရှိပါတယ်။

 

ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကလည်း ဟူသီသူပုန်တွေကို လက်တုံ့ပြန်တိုက်ခိုက်လျက်ရှိပါတယ်။

 

ဟူသီသူပုန်တွေတိုက်ခိုက်မှုကြောင့် သင်္ဘောသား ၃ ဦးသေဆုံးတဲ့အပြင် သင်္ဘောသား ၄ ဦးထက်မနည်းဒဏ် ရာရခဲ့ပြီး သင်္ဘောလည်း အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ကြောင်း CENTCOM က ပြောပါတယ်။ သင်္ဘောကုမ္ပဏီက တာဝန်ရှိသူတွေကတော့ မီးလောင်နေတဲ့ True Confidence သင်္ဘောကို ပြန်လည်ဆွဲယူ နေတယ်လို့ ပြောပါတယ်။

 

သင်္ဘောပေါ်မှာ သင်္ဘောသား ၂၀ နဲ့ လက်နက်ကိုင်အစောင့် ၃ ဦးပါရှိရာ ဖိလစ်ပိုင်လူမျိုး ၁၅ ဦး၊ ဗီယက်နမ် ၄ ဦး၊ သီရိလင်္ကာ ၂ ဦး၊ အိန္ဒိယ ၁ ဦးနဲ့ နီပေါ ၁ ဦးဖြစ်ကြောင်း၊ ၎င်းတို့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ် သတင်းတွေ မသိရသေးကြောင်း သင်္ဘောတာဝန်ရှိသူတွေက ပြောပါတယ်။

 

True Confidence သင်္ဘောက မီးခိုးလုံးတွေတက်လာတာကို မြင်နေရပြီး သင်္ဘောအနီးမှာ အသက်ကယ်လှေ တစ်စီးကို မြင်တွေ့ရကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးက ပြောပါတယ်။

 

ဧဒင်မြို့ အနောက်တောင်ဘက် ရေမိုင် ၅၄ မိုင်အကွာအဝေးမှာ ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရတယ်ဆို တဲ့သတင်းကို ကြားသိရပြီး ညွန့်ပေါင်းတပ်ဖွဲ့တွေက သင်္ဘောနဲ့ သင်္ဘောသားတွေကို ကူညီထောက်ပံ့နေ ကြောင်း ဗြိတိန်နိုင်ငံ ပင်လယ်ရေကြောင်းကုန်သွယ်မှုစစ်ဆင်ရေးအဖွဲ့ (UKMTO) က ပြောပါတယ်။

 

Ref: Three Killed in First Fatal Houthi Attack on Red Sea Shipping, CENTCOM Says

 

#PeopleMedia


Share this post