ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုအတွင်း ဖရီးဂိတ်စစ်သင်္ဘောဟောင်းတစ်စီးကို ပြင်သစ်/ တရုတ် ဒုံးကျည်တွေ အသုံးပြုပြီး အင်ဒိုနီးရှား ပစ်ခတ်နှစ်မြှုပ်ခဲ့
PUBLISHED - August 5, 2023
နိုင်ငံတကာ၊ သြဂုတ် ၅
အင်ဒိုနီးရှားစစ်တပ်ဟာ ၂၀၂၃ ခုနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကျင်းပနေစဉ်အတွင်း ၎င်းနိုင်ငံမှာရှိတဲ့ ပြင်သစ်နိုင် ငံထုတ် Exocet သင်္ဘောဖျက်ဒုံးကျည်နဲ့ တရုတ်နိုင်ငံထုတ် C-802 သင်္ဘောဖျက်ဒုံးကျည်တို့ကို အသုံးပြုပြီး စစ် သင်္ဘောတစ်စီးကို သရုပ်ပြပစ်ခတ်ခဲ့ပါတယ်။
အင်ဒိုနီးရှားရေတပ်က Sigma-class ဖရီးဂိတ်စစ်သင်္ဘောတွေဟာ တရုတ်ထုတ် C-802 နဲ့ C-705 ဒုံးကျည်တွေ အကူအညီနဲ့အတူ ပြင်သစ်ထုတ် Exocet သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းကို အင်ဒိုရေတပ်ပိုင် သရုပ်ပြသင်္ဘော တစ်စီးကို ပစ်ခတ်နှစ်မြှုပ်ခဲ့ပါတယ်။
ရန်သူ့သင်္ဘောအဖြစ်သတ်မှတ်ထားတဲ့ သရုပ်ပြသင်္ဘောကို နှစ်မြှုပ်ဖို့အတွက် F-16 ဂျက်တိုက်လေယာဉ်နှစ်စင်း ကလည်း M117/MK-12 ဗုံး ၄ လုံးကို ကြဲချခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားရေတပ်ဟာ ပစ်အားလိုအပ်လာရင် ထပ်မံပစ်ခတ်နိုင်ဖို့အတွက် စစ်သင်္ဘောတချို့ကိုလည်း အသင့်ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်လိုက်တဲ့ လက်နက်တွေဟာ သရုပ်ပြသင်္ဘောကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အဲဒီသင်္ဘောရေထဲ မနစ်ခင်မှာ သုံးလေးပိုင်းကွဲထွက်သွားခဲ့တာကို အင်ဒိုစစ်ဘက်က ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာ တွေ့မြင်ရ တယ်လို့ ဆိုပါတယ်။
အခုပြုလုပ်ခဲ့တဲ့ လေ့ကျင့်ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့လေးလအတွင်း အင်ဒိုနီးရှားရေတပ်ကပြုလုပ်ခဲ့တဲ့ ကျည်စစ် ကျည်မှန်တွေနဲ့ လေ့ကျင့်ပစ်ခတ်မှုမှာ တတိယအကြိမ်မြောက် ပစ်ခတ်လေ့ကျင့်မှုဖြစ်ပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ ရန်သူ့သင်္ဘောအဖြစ်သတ်မှတ်မယ့် သရုပ်ပြသင်္ဘောကို ၎င်းတို့နိုင်ငံက အနားပေးထား တဲ့ “KRI Slamet Riyadi” အမည်ရှိ Van Speijk-class ဖရီးဂိတ်စစ်သင်္ဘောကို ရွေးချယ်အသုံးပြုခဲ့တာဖြစ်ပါ တယ်။ အလျား ၁၁၃ မီတာ (ပေ ၃၇၀) ရှည်လျားတဲ့ အဲဒီစစ်သင်္ဘောဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက နယ်သာ လန်နိုင်ငံက တစ်ပတ်ရစ်သင်္ဘောကို ဝယ်ယူထားတာဖြစ်ပါတယ်။
အဲဒီ “KRI Slamet Riyadi” ဖရီးဂိတ်စစ်သင်္ဘောဟာ အင်ဒိုနီးရှားတပ်မတော်မှာ နှစ်ပေါင်း ၃၀ ကျော်တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၉ ခုနှစ် သြဂုတ်လမှာ အနားပေးခဲ့တာဖြစ်ပါတယ်။
KRI Slamet Riyadi” ဖရီးဂိတ်စစ်သင်္ဘောကိုနှစ်မြှုပ်လိုက်ရင် အဲဒီစစ်သင်္ဘောကို ရေငုပ်ပြီး လေ့လာစူးစမ်းဖို့ ကမ္ဘာလှည့်ခရီးသည်တွေက စိတ်ဝင်စားနိုင်တယ်ဆိုပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်တဲ့အနေနဲ့ ဘာလီ ကျွန်းအနောက်ဘက်အပိုင်းမှာ အဲဒီသင်္ဘောကို နှစ်မြှုပ်ပစ်လိုက်ဖို့ ၂၀၂၀ ပြည့်နှစ်တုန်းက အင်ဒိုနီးရှားရေတပ် ကို တိုက်တွန်းခဲ့ပါတယ်။
Ref: French, Chinese Missiles Sink Indonesian Frigate in Sea Trial
#PeopleMedia