ပင်လယ်ဘူးမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - September 19, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပင်လယ်ဘူးမြို့(အရှေ့ဘက်) မီတာ (၇၀၀၀) ခန့်အကွာတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် PDF တို့အပြန်အလှန်ပစ်ခတ်ရတွင် PDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
ထိုသိမ်းဆည်းရရှိသည်များမှာ PDF အလောင်း (၂) လောင်း၊ အမ် (၂၂) သေနတ် ၂ လက်၊ အမ် (၂၂) ကျည် အိမ် ၃ ခုနှင့် ကျည် ၁၂၀ တောင့်တို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia