• Follow Us on

Home ပင်လယ်ရေကြောင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့အတွက် ရေနက်ဆိပ်ကမ်းသုံးခု တည်ဆောက်ရန် ထိုင်းအစိုးရ စဉ်းစားနေ

ပင်လယ်ရေကြောင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့အတွက် ရေနက်ဆိပ်ကမ်းသုံးခု တည်ဆောက်ရန် ထိုင်းအစိုးရ စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂

 

ပင်လယ်ကူးအပျော်စီးသင်္ဘောအကြီးစားတွေ ဝင်ရောက်မှုများပြားလာပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းမှာ အခွင့်အလမ်းတွေ ပိုမိုများပြားလာတာကြောင့် အဲဒီသင်္ဘောတွေကို နေရာချထားနိုင် ရေး ဆိပ်ကမ်းတွေတည်ဆောက်ဖို့ ဆန်းစစ်လေ့လာမှုနဲ့ ဒီဇိုင်းရေးဆွဲရေး လေ့လာဖို့အတွက် အကြံပေးပညာရှင် တစ်ဦးကို ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်းဦးစီးဌာနက ခန့်အပ်လိုက်ပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားဝင်ငွေ ပူးပေါင်းရှာဖွေရေးစီမံချက်အရ အဲဒီစီမံချက်ကို ၂၀၂၀-၂၃ ဘဏ္ဍာရေးနှစ် ဘတ် ဂျက်တွေထဲက ဘတ်ငွေ ၁၅၆.၁၅ သန်း ခွဲဝေချထားပေးခဲ့ပါတယ်။

 

သင်္ဘောအကြီးစားတွေ ဝင်ရောက်ဆိုက်ကပ်နိုင်ဖို့ စီမံချက်ထဲမှာ စီမံချက် ၃ ခု ပါဝင်ပါတယ်။

 

စီမံချက်လုပ်ငန်းကို ခန့်မှန်း ၄၇ ရိုင် (၇.၅၂ ဟက်တာ) မှာ တည်ဆောက်သွားမှာဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်က ဘတ်ငွေ ၁၂.၁၇၂ ဘီလျံဖြစ်ပါတယ်။

 

စီမံချက်ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး တည်ဆောက်ရေးနဲ့ လုပ်ငန်းလည်ပတ်ရေးအ တွက် ပုဂ္ဂလိကကဏ္ဍက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်သလို အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေကို ၁၀ နှစ်အတွင်း အစိုးရက ပြန်လည်ပေးချေသွားမှာဖြစ်ပါတယ်။

 

စီမံချက်ကို ၂၀၂၅ ခုနှစ်ကနေ ၂၀၆၁ ခုနှစ်အထိ ဆောင်ရွက်သွားမှာဖြစ်သလို တည်ဆောက်ရေးလုပ်ငန်းတွေ ကို ၂၀၂၉ ခုနှစ်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး ဆိပ်ကမ်းကို ၂၀၃၂ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်သွားမှာဖြစ်ပါ တယ်။

 

သက်တမ်း အနှစ် ၃၀ သတ်မှတ်ထားတဲ့ အဲဒီဆိပ်ကမ်းမှာ တစ်နှစ်ကို ပင်လယ်ကူးသင်္ဘော အစီးရေ ၂၄၀ ဆိုက်ကပ်ပြီး ကမ္ဘာလှည့်ခရီးသည် ၂၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ အထိ ဝင်ရောက်လာမယ်လို့ မျှော်လင့်ထား ပါတယ်။

 

လေ့လာတွက်ချက်မှုတွေအရ ကော့စမွေရှိ သင်္ဘောဆိပ်ကမ်းကြီးကနေ အနှစ် ၃၀ အ တွင်း ဘတ်ငွေ ၄၆ ဘီ လျံ ရှာဖွေနိုင်မှာဖြစ်ပြီး စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁၅% အထက်ကို ကျော်လွန်သွား နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

 

ပင်လယ်ရေကြောင်းဦးစီးဌာနက အဲဒီလေ့လာတွေ့ရှိချက် အစီရင်ခံစာကို ချင့်ချိန်စဉ်းစားနိုင်ဖို့အတွက် နိုင်ငံ တော်လုပ်ငန်းဆိုင်ရာမူဝါဒရုံးကို တင်ပြထားပြီးဖြစ်ပါတယ်။ အဲဒီစီမံချက်ကို ၂၀၂၄ ခုနှစ် မကုန်ခင်မှာ အစိုးရအဖွဲ့ထံ တင်ပြသွားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒီစီမံချက်ဟာ အက်ဒမန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အပျော်စီးပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ် ဖို့အတွက် ဖူးခက်ပင်လယ်ရေနက်ဆိပ်ကမ်းကို အဆင့်မြှင့်တင်ဖို့ကိုလည်း ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

 

စီမံချက်တည်ဆောက်ရေးထဲမှာ ပျှမ်းမျှ ပင်လယ်ရေမျက်နှာပြင်နဲ့ နှိုင်းယှဉ်ရင် ဒီရေအနိမ့်ဆုံးအဆင့် ၁၀.၅ မီတာ ဒါမှမဟုတ် ၁၂.၈ မီတာ အနက်ရှိတဲ့တူးမြောင်းကို သောင်တူးဖော်ပြီး သင်္ဘောကျင်းအလျားကို တိုးချဲ့ သွားဖို့လည်း ပါဝင်ပါတယ်။

 

ဒါ့အပြင် ပင်လယ်ကူးအပျော်စီးသင်္ဘောကြီးတွေကို စံနှုန်းတွေနဲ့အညီ ဝန်ဆောင်မှုပေးနိုင်အောင် သင်္ဘောလှည့် မောင်းမယ့်နေရာမှာ သောင်တူးချဲ့ထွင်ခြင်း၊ ရေကာနံရံများတည်ဆောက်ခြင်း၊ ရေကာနံရံ မီးလိုင်းများတပ်ဆင် ခြင်းနဲ့ လိုအပ်တဲ့ပစ္စည်းတွေနဲ့အတူ ခရီးသည်နားနေဆောင်တည်ဆောက်ခြင်းတို့လည်း ပါဝင်ပါတယ်။

 

အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ပြီးသွားတာနဲ့ ဖူးခက်ပင်လယ်ရေနက်ဆိပ်ကမ်းဟာ အာရှတိုက်မျာ ပြည်တွင်း က အငယ်စား/ အလတ်စားသင်္ဘောတွေကနေ ခရီးသည် ၄,၂၀၀ ကနေ ၄,၉၀၀ အထိ တင်ဆောင်နိုင်တဲ့ ပင် လယ်ကူးအကြီးစားသင်္ဘောတွေအထိ ဝန်ဆောင်မှုပေးနိုင်မယ့် ဆိပ်ကမ်းကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

 

ဒီစီမံချက်ထဲမှာ ပတ္တယားမြို့က ဘာလီဟိုင်ပီယာ နယ်မြေကိုလည်း ပြည်တွင်း/ပြည်ပ သင်္ဘောကြီးတွေ ဆိုက် ကပ်နိုင်အောင် အဆင့်မြှင့်တင်သွားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

 

အဆင့်မြှင့်တင်မယ့် ပတ္တယားဆိပ်ကမ်း ပြည်တွင်းဆိုက်ကပ်နေရာမှာ တစ်နာရီကို ခရီးသည် ၁,၅၀၀ လက်ခံနိုင် မှာဖြစ်ပြီး ပြည်ပဆိုက်ကပ်နေရာမှာ တစ်နာရီကို ခရီးသည် ၃,၅၀၀ ကနေ ၄,၀၀၀ အထိ ဝန်ဆောင်မှုဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် အဲဒီဆိပ်ကမ်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့်အပြင် မီတာ ၃၀၀ အရှည်တိုး ချဲ့တည်ဆောက်ထားတဲ့ သင်္ဘောကျင်းမှာ အကြီးစားသင်္ဘောနှစ်စင်း တပြိုင်တည်း လွန်းတင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပတ္တယားဆိပ်ကမ်း စီမံချက်မှာ ခရီးသည်နားနေဆောင်၊ ယာဉ်နားနေဆောင်၊ ခရီးသည်လှေ/သင်္ဘောငယ်များ ဆိုက်ကပ်ရာနေရာ စတာတွေကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။

 

ကြိုတင်ဆန်းစစ်လေ့လာမှုအရ ဒီစီမံချက်အတွက် ဘတ်ငွေ ၇.၄၁၂ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

 

Ref: Thailand considering investing in three deep sea ports to boost marine tourism

 

#PeopleMedia


Share this post