• Follow Us on
Latest News

Home ပင်လယ်အတွင်းမျောပါနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတစ်စီးနှင့် ရေလုပ်သား ၅ ဦးကို တပ်မ တော်(ရေ) မှ ကူညီကယ်ဆယ်

ပင်လယ်အတွင်းမျောပါနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတစ်စီးနှင့် ရေလုပ်သား ၅ ဦးကို တပ်မ တော်(ရေ) မှ ကူညီကယ်ဆယ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ သာသနာ (၂၅၀၀) ကွေ့အနီး ပင်လယ်ပြင်၌ ယမန်နေ့ နံနက်အစောပိုင်းတွင် ငါးဖမ်းစက်လှေတစ်စီးမျောပါနေကြောင်း တွေ့ရှိသဖြင့် အဆိုပါစက်လှေနှင့် လှေပေါ်ပါ ရေလုပ်သား ၅ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စက်လှေပေါ်ပါ ရေလုပ်သားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ပ်ဖ်မြို့နယ်၊ ဟာစမ်းကကျေးရွာနေ ဆော်ယိုးအာလာမ် ၅၆နှစ်၊ မိုဟာမက်အာရှ ၃၇နှစ်၊ ရူဖီးအာလောက်မာစီ ၂၄ နှစ်၊ ဗဟလားလော့ဒိမ်း ၁၇ နှစ်နှင့် ရှိတ်ဖူးလာမ် ၁၆ နှစ်တို့ဖြစ်ပြီး ၎င်းတို့သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပင်လယ်ပြင်၌ ငါးဖမ်းနေစဉ် စက်ပျက်ကာ မျောပါခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ကျောက်ဖြူမြို့နယ် လဝကသို့ လွှဲပြောင်းအပ်နှံထားပြီး ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post