• Follow Us on
Latest News

Home ပင်လုံမြို့တွင် “လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်း” ဆိုင် ဓားပြတိုက်ခံရ၍ ဆိုင်ရှင်အမျိုးသားတစ်ဦး အပါအဝင် (၄) ဦး သေဆုံး

ပင်လုံမြို့တွင် “လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်း” ဆိုင် ဓားပြတိုက်ခံရ၍ ဆိုင်ရှင်အမျိုးသားတစ်ဦး အပါအဝင် (၄) ဦး သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

 

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ဈေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသည့် “လျှပ်စစ်ပစ္စည်းနှင့် ဖုန်း အပိုပစ္စည်းအရောင်း” ဆိုင်တွင် အမည်မသိလူတစ်စုမှ ထိုဆိုင်အတွင်း ဓားပြတိုက်ရာ ဆိုင်ရှင်အမျိုးသား တစ်ဦးအပါအဝင် (၄) ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၇ ရက် ည (၈) နာရီဝန်းကျင်တွင် “လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်း” ဆိုင်ရှိ CCTV မှတ်တမ်းအရ ဝန်ထမ်းနှစ်ဦးမှာ ဆိုင်တံခါးကိုပိတ်နေစဉ်အတွင်း ထိုနေရာသို့ လက်နက်ကိုင်လူတစ်စုမှ ထို ဝန်ထမ်းနှစ်ဦးကို သတ်ဖြတ်သွားပြီး ဆိုင်အတွင်းရှိ ဆိုင်ရှင်အမျိုးသားနှင့် ၎င်း၏ သမီးဖြစ်သူကို ပစ်ခတ်သွား ကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခံရမူကြောင့် သေဆုံးသွားသူများမှာ ဦးတင်ထွန်း၊ မနန်းပြုံးဖြူ၊ မနန်းဇင်ဇွဲနှင့် မနန်းလောဝ်ခမ်း တို့မှာ အခင်းနေရာတွင် သေဆုံးသွားပြီး ထိုဆိုင်အတွင်းရှိ ဓားပြတိုက်သွားသည့် ပစ္စည်းများတန်ဖိုးကို လက်ရှိ အချိန်တွင် သိရှိရခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post