ပင်းတယ စည်ပင်သာယာရေးဦးစီးဌာနရုံးရှေ့တွင် DPLA အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း (၂) လုံးကို လုံခြုံရေးတပ်ဖွဲ့မှ ရှင်းလင်း

PUBLISHED - September 22, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့စည်ပင်သာယာရေးဦးစီးဌာနရုံးအနောက်ဘက်ခြံစည်းရိုးရှိ အုတ်တံ တိုင်းအောက်ခြေတွင် DPLA အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံးကို လုံခြုံရေးတပ်ဖွဲ့များမှ ရှင်းလင်း ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းအချိန်တွင် ပင်းတယမြို့၊ ဆူးဘိုကုန်းရပ်ကွက်ရှိ စည်ပင်သာယာရေးဦးစီး ဌာန ရုံးအနောက်ဘက်ရှိ ခြံစည်းရိုးတွင် (DPLA) ဓနုပြည်သူ့လွတ်မြောက်ရေးအဖွဲ့မှ ထောင်ထားသည့် လက် လုပ်မိုင်း (၂) လုံးကို လုံခြုံရေးတပ်ဖွဲ့မှ သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုလက်လုပ်မိုင်းမှာ အရှည် ၁၂ လက်မ၊ အချင်း ၃ လက်မခန့်ရှိသည့် သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ် မိုင်း ၂ လုံးကို လုံခြုံရေးတပ်ဖွဲ့မှ သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia