ပစိဖိတ်ဒေသကာကွယ်ရေးအစီအစဉ်အတွက် သြစတေးလျပိုင်ကျွန်းမှာ စစ်စခန်းဆောက်ဖို့ အမေရိကန် စဉ်းစားနေ
PUBLISHED - August 7, 2024
နိုင်ငံတကာ၊ သြဂုတ် ၇
ပစိဖိတ်ဒေသ ကာကွယ်ရေးအစီအစဉ်အရ သြစတေးလျနိုင်ငံပိုင်နက်မှာရှိတဲ့ ဝေးလေ့ခေါင်ဖျားအရပ်က ကျွန်း တစ်ကျွန်းကို စစ်စခန်းတည်ဆောက်ဖို့ အမေရိကန်တပ်မတော်က စဉ်းစားနေပါတယ်။
ခေါကက်စ်ကျွန်းစု (Cocos Islands) လို့ လူသိများတဲ့ အဲဒီကျွန်းစုဟာ သြစတေးလျပြည်မကြီးရဲ့ အနောက် ဘက်နယ်မြေမှာတည်ရှိပြီး တရုတ်ရေနံတင်သင်္ဘောတွေ သွားလာနေတဲ့လမ်းကြောင်းဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ နဲ့ နီးကပ်တဲ့နေရာဖြစ်ပါတယ်။
အဲဒီကျွန်းပေါ်မှာ အင်ဒို-ပစိဖိတ်ဒေသက အမေရိကန်အစိုးရရဲ့ ကာကွယ်ရေးအင်အားကို မြှင့်တင်ရာမှာ အထောက်အကူပြုမယ့် အခြေခံအဆောက်အအုံတစ်ခု တည်ဆောက်သွားနိုင်ကြောင်း အမေရိကန်ရေတပ် ဆောက်လုပ်ရေးတင်ဒါ ကုမ္ပဏီတစ်ခုက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီစစ်စခန်းဟာ သြစတေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့က တော်ဝင်သြစတေးလျလေတပ်စခန်း (RAAF Base Darwin) မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက်တော့ တိုက်ရိုက်အထောက် အကူပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပစိဖိတ်ဒေသကာကွယ်ရေးအစီအစဉ်အရ သြစတေးလျက ခေါကက်စ်ကျွန်းစုအပြင် ဖိလစ်ပိုင်နိုင်ငံ၊ တီမော လက်စ်တီနဲ့ ပါပူဝါနယူးဂီနီတို့မှာလည်း စစ်စခန်းတွေ တည်ဆောက်သွားဖို့ အမေရိကန်တပ်မတော်က စီစဉ် ထားပြီးဖြစ်ပါတယ်။
လူဦးရေ ၆၀၀ ဝန်းကျင်သာရှိတဲ့ ခေါကက်စ်ကျွန်းစုဟာ အိန္ဒိယစသမုဒ္ဒရာထဲမှာ သြစတေးလျနိုင်ငံရဲ့ ပင်လယ် ပြင်စောင့်ကြည့်ထောက်လှမ်းစစ်ဆင်ရေးတွေအတွက် အဓိက အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။
အဲဒီနေရာမှာ မကြာခင် P-8A Poseidon တို့လို စစ်သုံးလေယာဉ်ကြီးတွေ ဆင်းသက်နိုင်တဲ့ အကြီးစားတိုး ချဲ့လေယာဉ်ကွင်းကြီးတစ်ခု မြင်လာရတော့မှာဖြစ်ပါတယ်။
အဲဒီနေရာဟာ ဒီယေးဂါးဂါဆီယာကျွန်းမှာရှိတဲ့ အမေရိကန်ရေတပ်စခန်းထက် တရုတ်ရေနံတင်သင်္ဘောတွေ အများစုသွားလာရာလမ်းကြောင်းဖြစ်တဲ့ မလက္ကာရေလက်ကြားနဲ့ နီးကပ်နေတဲ့အတွက် အမေရိကန်အတွက် တော့ အဲဒီနေရာဟာ “အလွန်အရေးပါတဲ့ ပထဝီမဟာဗျူဟာမြောက် အားသာချက်တွေ” ကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီနေရာဟာ အမေရိကန်က မျှော်လင့်ထားတဲ့ အနာဂတ်စစ်ပွဲတွေဖြစ်ပွားလာမယ့်နေရာထဲက စစ် နယ်ဝန်းတစ်ခုနဲ့ အလွန်နီးကပ်တဲ့နေရာလည်းဖြစ်ကြောင်း သြစတေးလျ အိန္ဒိယ အင်စတီကျု ပထဝီနိုင်ငံရေး ဒါရိုက်တာ ဒါရှာနာဘာရပ်က ပြောပါတယ်။
Ref: US Military Eyes Australian Island for Pacific Deterrence Initiative
#PeopleMedia