• Follow Us on

Home ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ နစကဥက္ကဋ္ဌတက်ရောက်၊ မန္တလေးဇုန် (ခ)အသင်းက အနိုင်ရဗိုလ်စွဲ

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ နစကဥက္ကဋ္ဌတက်ရောက်၊ မန္တလေးဇုန် (ခ)အသင်းက အနိုင်ရဗိုလ်စွဲ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မန္တလေးဇုန်(က)အသင်းနှင့် မန္တလေးဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့သည်။

 

အဆိုပါပွဲစဉ်တွင် မန္တလေးဇုန်(ခ) အသင်းက မန္တလေးဇုန်(က) အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူး ရရှိခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ သည်။

 

#PeopleMedia


Share this post