• Follow Us on

Home ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြား နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်ခဲ့ကြောင်း တပ်ချုပ်ပြောကြား

ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြား နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်ခဲ့ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားခဲ့သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများ ဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင် ရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့ တွင် အခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင် ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များ ကို အခြေခံ၍ သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြား သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုလိုနီနယ်ချဲ့နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ သယံဇာတ ရင်းမြစ်များကို ရယူလိုမှုဖြင့် နယ်ချဲ့ခဲ့မှုနှင့် လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆိုရှယ်လစ် စနစ်၌ စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ အရေး အခင်းများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေ ယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာ အာဏာပြိုကွဲမည့်အခြေ အနေနှင့် ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့ရ သောကြောင့် တပ်မတော်က ဝင်ရောက်ထိန်း သိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ နောက်ပိုင်းတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ သည့်အခြေအနေ များ၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရေးအတွက် ကိုက်ညီသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့ များ ပါဝင်သော အမျိုးသားညီလာခံ၌ အခြေအတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့သည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေကောက်ပွဲတွင် မဲမသမာ မှုများဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့် အညီ နိုင်ငံ့တာဝန်များကိုထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်၊ အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ချမှတ် ၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အား ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်မာစွာဆက်လက် လျှောက်လှမ်းလျက်ရှိမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပ ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များ နှင့် ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပညာတတ်လူသား အရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အတွက် အဓိ ကကျသည့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွား ရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန် စေရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားခဲ့သည်။

 

#PeopleMedia


Share this post