• Follow Us on

Home ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် မော်လမြိုင်ဇုန်အသင်းဗိုလ်စွဲ၊ နစကဥက္ကဋ္ဌ တက် ရောက်ပြီး ဆုများပေးအပ်ချီးမြှင့်

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် မော်လမြိုင်ဇုန်အသင်းဗိုလ်စွဲ၊ နစကဥက္ကဋ္ဌ တက် ရောက်ပြီး ဆုများပေးအပ်ချီးမြှင့်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲ အဖြစ် မော်လမြိုင်ဇုန်အသင်း နှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့် အညီ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အကြိတ် အနယ်ဖိအားပေးယှဉ်ပြိုင်ကြကာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားချိန်တွင်လည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အကြိတ်အနယ်ဖိအားပေးယှဉ်ပြိုင်ကစားကြသော်လည်း ဒုတိယပိုင်း ပြီးဆုံးချိန်တွင်လည်း ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

 

ယင်းနောက် အချိန်ပို မိနစ် ၃၀ ကစားချိန်တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နတီအဆုံးအဖြတ် ရယူခဲ့ရာ မော်လမြိုင်ဇုန် အသင်းက မြစ်ကြီးနား ဇုန် အသင်းကို ၅ ဂိုး – ၃ ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲသွားပြီး တံခွန် စိုက်ဆုဖလားကြီးကို ဆွတ် ခူးရရှိသွားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ သည်။

 

#PeopleMedia


Share this post