• Follow Us on
Latest News

Home ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့ကြေညာ

ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့ကြေညာ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

ဘူဆန်မြို့ရှိ ကိုးရီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ်(KAIST) လက်အောက်ရှိ ကိုရီးယားသိပ္ပံတက္ကသိုလ်(KSA) မှ အရည်အသွေးပြည့်မီသည့် နိုင်ငံတကာမှ လျှောက်ထားလိုသူများအတွက် ရည်ရွယ်၍ ဖိတ်ကြားလာကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ကြေညာချက်အရ သိရသည်။

 

အဆိုပါ ဖိတ်ကြားစာ၌ ကိုးရီးယားသိပ္ပံတက္ကသိုလ်(KSA) သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရက်တို့တွင် အစွမ်းအစရှိသည့် ကျောင်းသား/ကျောင်းသူများအတွက် အထူးသင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

KSA သည် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလခအပါအဝင် ပညာသင်ဆုအပြည့်အ၀ (ပညာရေးအသုံးစရိတ်)အား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ From ပိတ်ရက်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ (ကိုရီးယားစံတော်ချိန် ၁၇ နာရီ) ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post