ပဋိပက္ခနယ်မြေမှာ အာသံရိုင်ဖယ်တပ်ရင်းကို CRPF ရဲတပ်ဖွဲ့နဲ့ အစားထိုးလဲလှယ်ဖို့ မဏိပူရ်ပြည်နယ်အစိုးရ ညွှန်ကြား
PUBLISHED - August 8, 2023
နိုင်ငံတကာ၊ သြဂုတ် ၈
အိန္ဒိယနိုင်ငံ၊ ဘိရှ်နာပူခရိုင် မိုရန်းလမ်းခိုင်ကျေးရွာရှိ အရေးကြီးတဲ့ စစ်ဆေးရေးစခန်းကနေ အာသံရိုင်ဖယ်တပ် ရင်းကို ပြန်လည်ဆုတ်ခွာဖို့ မဏိပူရ်ပြည်နယ်အစိုးရက တနင်္လာနေ့ (သြဂုတ်လ ၇ ရက်နေ့) က ညွှန်ကြားလိုက် ပါတယ်။
အိန္ဒိယနိုင်ငံတောင်ကြားခရိုင်ဒေသတွေမှာ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုပ်စွာဆက်ဆံခဲ့တဲ့ ဗဟိုအစိုး ရရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ကန့်ကွက်တဲ့အနေနဲ့ အမျိုးသမီးအများအပြား ဆန္ဒပြချီတက်ခဲ့ကြပြီးနောက် အခု လို အာသံရိုင်ဖယ်တပ်ရင်းကို ပြန်လည်ရုပ်သိမ်းဖို့ ပြည်နယ်အစိုးရက အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။
ဘိရှ်နာပူ-ကန်းဗိုင်လမ်းမမှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ အမှတ် ၉ အာသံရိုင်ဖယ်တပ်ရင်းအစား CRPF ခေါ် ဗဟို အစိုးရ အရန်ရဲတပ်ဖွဲ့ (Central Reserve Police Force) နဲ့ အစားထိုးလဲလှယ်ဖို့ မဏိပူရ်ပြည်နယ်ရဲချုပ်က အမိန့်ထုတ်ခဲ့ပါတယ်။
မဲတေအမျိုးသမီးတွေ ဖွဲ့စည်းထားတဲ့ မိုင်ရာပိုင်ဘီဆိုတဲ့ အမျိုးသမီးလှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့က မနေ့က အင်ဖာ တောင်ကြားမှာ အာသံရိုင်ဖယ်တပ်ရင်းကို ဆန္ဒပြခဲ့ကြပါတယ်။
အာသံရိုင်ဖယ်တပ်ရင်းဟာ မကြာသေးခင်အဓိကရုန်းဖြစ်စဉ်မှာ ပြည်သူကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တယ်လို့ စွပ်စွဲပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသက အာသံရိုင်ဖယ်တပ်ရင်းထွက်ခွာသွားဖို့ အဲဒီအမျိုးသမီးအဖွဲ့က လမ်းမတွေ မှာ ထိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က အင်ဖာအနောက်ပိုင်းခရိုင် မေလမ်တူလီဟယ်လ်ဒေသမှာ အစည်းအဝေးတစ်ခုကျင်းပနေတုန်း မိုင်ရာပိုင်ဘီအဖွဲ့က ဆန္ဒပြခဲ့ပါတယ်။
အင်ဖာအနောက်ပိုင်းခရိုင် ဟိုဒမ်လိုင်ရက်ဒေသမှာလည်း အမျိုးသမီးအများအပြားဟာ လမ်းမတွေပေါ်ထွက် ဆန္ဒပြကြပြီး ဘိရှ်နာပူနဲ့ ချူရာချန်ပူကိုသွားတဲ့ တစ်ဒမ်လမ်းမကို ရောက်တဲ့လမ်းသွယ်တစ်ခုကို ပိတ်ထားလိုက် ကြပါတယ်။
အင်ဖာအနောက်ခရိုင်က ကွာကိတ်သယ်၊ ယူရီပေါက်နဲ့ ဆင်းဂျာမိုင်း ဒေသတွေမှာလည်း အမျိုးသမီးတွေဟာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။
တပြိုင်နည်းမှာပဲ အင်ဖာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းခရိုင်တွေမှာ ညမထွက်ရအမိန့်ကို တနင်္လာနေ့မှာ မနက် ၅ နာရီကနေ မွန်းလွဲပိုင်းအထိ ဖြေလျှော့ပေးလိုက်ကြောင်း သိရပါတယ်။
ကွတ်ကီလူမျိုးစုနဲ့ မဲတေလူမျိုးစုကြား လူမျိုးရေးပဋိပက္ခတွေ မေလ ၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သုံးလအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ရာကနေ လူဦးရေ ၁၆၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Ref: Manipur govt orders to replace Assam Rifles with CRPF at key checkpoint in Bishnupur after women protest
#PeopleMedia