• Follow Us on
Latest News

Home ပထမလေးလအတွင်း ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွား ၁၂ သန်းကျော်ဝင်ရောက်ခဲ့

ပထမလေးလအတွင်း ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွား ၁၂ သန်းကျော်ဝင်ရောက်ခဲ့

Share this post

နိုင်ငံတကာ၊ မေ ၆

 

အခုနှစ် ပထမဦးဆုံးလေးလအတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၁၂ သန်း ကျော်ရောက်ရှိလာခဲ့ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က တနင်္ဂနွေနေ့ (မေလ ၅ ရက်နေ့) က ပြောကြား လိုက်ပါတယ်။

 

အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွား ၁၂၁၂၇၄၄၇ ဦး ထိုင်းနိုင်ငံ ထဲကို ဝင်ရောက်လာခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် ကနဦးလေးလနဲ့ နှိုင်းယှဉ်ရင် ၁၄၂.၈၇% မြင့်တက်လာခဲ့ကြောင်း TAT က ပြောပါတယ်။

 

ကနဦးလေးလအတွင်း ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတဲ့အမြင့်ဆုံး ၁၀ နိုင်ငံက ခရီးသွားတွေကတော့ တရုတ် ခရီးသွား ၂,၃၅၁,၉၀၉ ဦး၊ မလေးရှား ၁,၅၆၉,၈၅၆ ဦး၊ ရုရှား ၇၆၇,၂၁၀ ဦး၊ တောင်ကိုရီးယား ၆၇၉,၄၈၁ ဦး၊ အိန္ဒိယ ၆၄၃,၅၈၇ ဦး၊ လာအို ၄၀၃,၁၀၇ ဦး၊ ဂျာမန် ၃၇၅,၂၂၄ ဦး၊ ဗြိတိန် ၃၆၈,၅၆၄ ဦး၊ ထိုင်ဝမ် ၃၅၈,၉၉၀ ဦးနဲ့ အမေရိကန် ၃၅၅,၄၅၂ ဦးတို့ဖြစ်ကြောင်း TAT က ပြောပါတယ်။

 

ဧပြီလကနေ ဇွန်လအထိ ဒုတိယသုံးလပတ်အတွင်းမှာ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွား ၈.၂၇ သန်း ဝင် ရောက်လာမယ်လို့ မျှော်လင့်ထားပြီး အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင် ၂၉% မြင့်တက် လာမှာဖြစ်ကြောင်း TAT က ပြောပါတယ်။

 

အဲဒီကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ထိုင်းဘတ်ငွေ ၃၆၉.၉ ဘီလျံ ဝန်းကျင် ရရှိမယ်လို့ မျှော် လင့်ထားပြီး အဲဒီဝင်ငွေပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင် ၂၅% မြင့်တက်လာမှာဖြစ်တယ် လို့ TAT က ပြောပါတယ်။

 

Ref: Thailand welcomes 12M tourists in 4 months

 

#PeopleMedia


Share this post