ပထမလေးလအတွင်း ထိုင်းနိုင်ငံဟာ ဗီယက်နမ်ဒူးရင်းသီး ဒုတိယအများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်သွား
PUBLISHED - June 4, 2024
နိုင်ငံတကာ၊ ဇွန် ၄
တစ်နှစ်ကို ဒေါ်လာ ၇ ဘီလျံတန်ကြေးရှိ ဒူးရင်းသီးတွေကို ပြည်ပနိုင်ငံကို တင်ပို့နေတဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံထွက် ဒူးရင်းသီးတွေကို ပြန်လည်တင်သွင်းနေရပြီး ဗီယက်နမ် ဒူး ရင်းသီး ဒုတိယအများဆုံးတင်သွင်းတဲ့နိုင်ငံနေရာကို ရောက်ရှိသွားပါတယ်။
အခုနှစ် ပထမလေးလအတွင်း ထိုင်းနိုင်ငံဟာ ဗီယက်နမ်ဒူးရင်းသီး ဒေါ်လာ ၂၂.၅ သန်းဖိုးတင်သွင်းခဲ့ရာ ပြီးခဲ့တဲ့ နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၈၂% မြင့်တက်သွားတာဖြစ်ပါတယ်။
ဒီပမာဧာဟာ တတိယမြောက်ဈေးကွက်ဖြစ်တဲ့ ဒေါ်လာ ၃.၆ သန်းဖိုးတင်သွင်းတဲ့ ဟောင်ကောင်နဲ့ နှိုင်းယှဉ်ရင် အလွန်များပြားလှတဲ့ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်က စုစုပေါင်း ဒူးရင်းသီး ဒေါ်လာ သန်း ၂၀ ဖိုး တင်သွင်းခဲ့သလို ထိုင်ဝမ်က လည်း ဒူးရင်းသီး ဒေါ်လာ ၁၆ သန်းဖိုးတင်သွင်းခဲ့ပါတယ်။
အခုကာလမှာ တစ်ကမ္ဘာလုံးမှာ ဗီယက်နမ်တစ်နိုင်ငံတည်းသာ ဒူးရင်းသီးတင်ပို့တဲ့နိုင်ငံဖြစ်တဲ့အတွက် ထိုင်းနိုင် ငံက ဗီယက်နမ်ဒူးရင်းသီးတင်သွင်းမှု မြင့်တက်သွားတာဖြစ်ကြောင်း ဗီယက်နမ်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အ ဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး ဒေါင်ဖုငုယင်က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ပြည်ပနိုင်ငံတွေကို ဒူးရင်းသီးအများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်ပေမဲ့ နိုင်ငံတွင်း ဆိုးရွားပြင်းထန်တဲ့ မိုး ခေါင်မှုကြောင့် အရည်အတွက်ရော အရည်အသွေးပါကျဆင်းလာတာကြောင့် ပြည်တွင်းလိုအပ်ချက်နဲ့ ကမ္ဘာ လှည့်ခရီးသွားတွေရဲ့လိုအပ်ချက်ကြောင့် အခုလို ပြည်ပနိုင်ငံက ပြန်လည်မှာယူရတာဖြစ်ကြောင်း ငုယင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ဗီယက်နမ်ဒူးရင်းသီးကို အများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်ပေမဲ့ အပြိုင်အဆိုင်ဈေးနှုန်းကြောင့် ထိုင်းနိုင်ငံဟာ ဗီယက်နမ်ရဲ့ အေးခဲဒူးရင်းသီးကို ထိပ်ဆုံးကတင်သွင်းတဲ့နိုင်ငံဖြစ်လာကြောင်း ဗီယက်နမ်သစ် သီးအသင်းဥက္ကဋ္ဌ ငုယင်သန်ဘင်းက ပြောပါတယ်။
ထိုင်းနိုင်ငံကတင်သွင်းတဲ့ အေးခဲဒူးရင်းသီးတချို့ကို ပြန်လည်ပြုပြင်ထားတဲ့ အစားအစာတွေအဖြစ် ထုတ်လုပ် ရာမှာအသုံးပြုတယ်လို့ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံကတော့ ၎င်းတို့နိုင်ငံထွက် ဒူးရင်းသီးတွေကို တရုတ်အပါအဝင် တတိယနိုင်ငံတွေကို အများဆုံး တင်ပို့နေတာဖြစ်ပါတယ်။ ဗီယက်နမ်ဟာ တရုတ်နိုင်ငံကို ရိုးရိုးဒူးရင်းသီးတွေသာ တင်ပို့ပြီး အေးခဲဒူးရင်းသီးတွေ တင်ပို့ခြင်းမရှိပါဘူး။
အေးခဲဒူးရင်းသီးတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ သီးခြားလုပ်ထုံးလုပ်နည်းတွေရှိတယ်လို့ ဆိုပါတယ်။
အခုနှစ် ဧပြီလမှာ ဗီယက်နမ်နိုင်ငံဟာ ပြည်ပနိုင်ငံတွေကို ဒူးရင်းသီး ဒေါ်လာ ၂၁၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ၄၈၇% မြင့်တက်သွားတာဖြစ်ပါတယ်။
အခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှုကနေ ဒေါ်လာ သန်း ၄၇၀ ရှာဖွေနိုင်ခဲ့ရာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၄၆% မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်ဒူးရင်းသီးကို အများဆုံးဝယ်ယူတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ဝယ်ယူမှုဟာ စုစုပေါင်း ဈေးကွက်ရဲ့ ၉၂% ဖြစ်ကြောင်း သိရပါတယ်။
Ref: Thailand becomes Vietnam’s second largest durian importer
#PeopleMedia