• Follow Us on
Latest News

Home ပထမသုံးလအတွင်း ကမ္ဘာလှည့်ခရီးသွား ၉.၄ သန်း ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့အတွက် ဒေါ်လာ ၁၂.၄ ဘီလျံဝင်ငွေရရှိ

ပထမသုံးလအတွင်း ကမ္ဘာလှည့်ခရီးသွား ၉.၄ သန်း ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့အတွက် ဒေါ်လာ ၁၂.၄ ဘီလျံဝင်ငွေရရှိ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂

 

အခုနှစ် ပထမသုံးလအတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၉.၄ သန်း ဝင်ရောက်လာခဲ့ရာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကနေ နိုင်ငံအတွက် ခန့်မှန်းဝင်ငွေ ၄၅၄.၆ ဘီလျံ (ဒေါ်လာ ၁၂.၄ ဘီလျံ) ရရှိခဲ့ကြောင်း ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက အင်္ဂါနေ့ (ဧပြီလ ၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွားဦးရေ သန်း ၄၀ ဝင်ရောက်လာဖို့ ရည်မှန်းချက်ချမှတ် လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီပမာဏဟာ ၂၀၁၉ ခုနှစ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေး မတိုင်ခင်က ချမှတ်ခဲ့ တဲ့ ကိန်းဂဏန်းနီးပါးဖြစ်ပါတယ်။

 

အခုနှစ်မှာ ၂၁ ရက်ကြာကျင်းပမယ့် ဆုန်ခရန်ရေသဘင်ပွဲတော်ကာလအတွင်း ဝင်ငွေအကောင်းဆုံးဖြစ်တဲ့ နိုင်ငံအရှေ့ ပိုင်းပြည်နယ်တွေက ပြည်တွင်းခရီးသွားတွေထံက ဘတ်ငွေ ၅၂.၅ ဘီလျံ ဝင်ငွေရရှိဖို့ ရည်မှန်း ချက်ချမှတ်ထားကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ (TAT) က ပြောပါတယ်။

 

ဟိုတယ်အသေးစားတွေကို အားပေးမြှင့်တင်ခြင်း၊ လောင်စာဆီဈေးနှုန်းမြင့်တက်နေတဲ့အတွက် လျှပ်စစ်ကား တွေအသုံးပြုပြီး ခရီးသွားလာမှုမြှင့်တင်ခြင်း စတာတွေပြုလုပ်ပြီး ဒုတိယအလွှာနယ်မြေတွေမှာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကို TAT အဖွဲ့က မြှင့်တင်သွားချင်တယ်လို့ ဆိုပါတယ်။

 

အစိုးရနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍနှစ်ခုစလုံးအနေနဲ့ ၎င်းတို့ရဲ့ဈေးကွက်စီမံချက်တွေကို ချိန်ညှိနိုင်ဖို့အတွက် ဇူလိုင် လအတွက် ကြေညာချက်နဲ့အတူ အခုနှစ်နဲ့ လာမယ့်နှစ်အတွက် ပြည်တွင်းဈေးကွက်စီမံချက်ကို ချိန်ညှိဖို့ လမ်း ညွှန်ချက်တွေကို ရေးဆွဲထားကြောင်း TAT အဖွဲ့ရဲ့ ပြည်တွင်းဈေးကွက် ဒုတိယအုပ်ချုပ်ရေးမှူး ဆမ်ရဒီးအချစ် ချောင်းက ပြောပါတယ်။

 

အပြောင်းအလဲတစ်ခုကတော့ ၂၀၂၄ ခုနှစ် ဘတ်ဂျက်ခွင့်ပြုချက်ရရှိဖို့ နှောင့်နှေးကြန့်ကြာနေတဲ့အတွက် ၂၀၂၃ ခုနှစ် ဘတ်ဂျက်ကိုပဲ ယာယီအသုံးပြုနေရသလိုမျိုး TAT အဖွဲ့ရဲ့ ဘတ်ဂျက်ကိုထိခိုက်စေနိုင်တဲ့ မျှော်လင့်မထား တဲ့အဖြစ်အပျက် ဒါမှမဟုတ် ဆိုးကျိုးတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဈေးကွက်အစီအစဉ်တွေထဲမှာ အရေးပေါ် အစီအစဉ်တွေ ထည့်သွင်းရေး ဆွဲခဲ့ရကြောင်း မစ်ဆမ်ရဒီးက ပြောပါတယ်။

 

အခုနှစ်နဲ့ လာမယ့်နှစ်အတွက် ဒုတိယအလွှာနယ်မြေတွေမှာ အစိုးရရဲ့စီမံချက်ထဲမှာ အားနည်းချက်နဲ့ ဟာကွက် တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက်လည်း TAT အဖွဲ့က စီစဉ်ထားကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Thailand records 9.4 million tourists since Jan and TAT plans to upgrade second tier areas

 

#PeopleMedia


Share this post