• Follow Us on
Latest News

Home ပထမဦးဆုံးပြည်တွင်းထုတ် တာဝေးပျံဒရုန်း အိန္ဒိယရေတပ် လက်ခံရရှိ

ပထမဦးဆုံးပြည်တွင်းထုတ် တာဝေးပျံဒရုန်း အိန္ဒိယရေတပ် လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

 

အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးပြည်တွင်းထုတ် အမြင့်ပေအလယ်အလတ်တာဝေးပျံဒရုန်းဖြစ်တဲ့ ဒရစ်ရှ်တီ ၁၀ (Drishti 10) ဒရုန်းကို ဟိုင်ဒေးဘတ်မြို့ Adani Aerospace Park ဝင်းထဲမှာကျင်းပတဲ့ အခမ်းအနားမှာ အိန္ဒိယ ရေတပ်က လက်ခံရယူခဲ့ပါတယ်။

 

ဒရစ်ရှ်တီ ၁၀ ဒရုန်းဟာ NATO STANAG 4671 ရဲ့ အသိအမှတ်ပြု ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက် လှမ်းရေးနဲ့ ကင်းထောက်တာဝန်တွေ (ISR) ကို ထမ်းဆောင်နိုင်ပြီး သီးသန့်လေပိုင်နက်ထဲမှာရော ကန့်သတ်မဲ့ လေပိုင်နက်ထဲမှာရော စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ပါတယ်။

 

ဒရစ်ရှ်တီ ၁၀ ဒရုန်းဟာ တစ်ဆက်တည်း ၃၆ နာရီကြာပျံသန်းနိုင်ပြီး အလေးချိန် ပေါင် ၉၉၀ (၄၅၀ ကီလိုဂရမ်) ကို သယ်ဆောင်သွားနိုင်ပါတယ်။

 

ရာသီမရွေးပျံသန်းသွားလာနိုင်တဲ့ ဒီမောင်းသူမဲ့လေယာဉ်ကို ဟိုင်ဒရာဘတ်မြို့ကနေ အနာဂတ်မှာ အိန္ဒိယရေ တပ်စစ်ဆင်ရေးပေါင်းစပ်မှုတွေပြုလုပ်သွားမယ့် ပေါ်ဘတ်ဒါမြို့ကို လွှဲပြောင်းပို့ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

 

နိုင်ငံရဲ့စက်မှုလုပ်ငန်းတစ်ခွင် စွန့်ဦးတီထွင်လုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့ အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့ “အိန္ဒိယတွင်ပြုလုပ်သည်အစီအစဉ်” ပြုလုပ်နေချိန်မှာ အိန္ဒိယနိုင်ငံရဲ့ အခုလို ကိုယ့်အားကိုယ်ကိုး စစ်ဘက်ဆိုင် ရာနည်းပညာတစ်ရပ်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

 

ဒရစ်ရှ်တီ ၁၀ ဒရုန်းနဲ့ တခြားဒရုန်းမျိုးစုံ ပြည်တွင်းမှာထုတ်လုပ်ခဲ့တဲ့အပြင် အိန္ဒိယနိုင်ငံဟာ မကြာသေးခင်ကပဲ ပြည်ပနိုင်ငံတွေက မောင်းသူမဲ့လေယာဉ်တွေကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။

 

ဒါ့အပြင် အိန္ဒိယ-တရုတ်နယ်စပ် အငြင်းပွားနယ်မြေတစ်လျှောက် စောင့်ကြည့်ထောက်လှမ်းစစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အစ္စရေးနိုင်ငံက Hermes 9000 ဒရုန်း ၆ စင်းကို အိန္ဒိယစစ်တပ်က ဝယ်ယူခဲ့ပါတယ်။

 

အိန္ဒိယအစိုးရဟာ MQ-9B SeaGuardians ဒရုန်း ၁၅ စင်းနဲ့ MQ-9B SkyGuardian ဒရုန်း ၁၆ စင်း ပူးတွဲထုတ် လုပ်ဖို့အတွက် ဒေါ်လာ ၃ ဘီလျံတန်ကြေးရှိ သဘောတူစာချုပ်တစ်ရပ်ကိုလည်း အမေရိကန်နိုင်ငံနဲ့ ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

 

Ref: Indian Navy Receives First Indigenous MALE Drone

 

#PeopleMedia


Share this post