• Follow Us on

Home ပထမဦးဆုံး EA-37B အီလက်ထရောနစ်တိုက်ခိုက်ရေးလေယာဉ် အမေရိကန်လေတပ် လက်ခံရရှိ

ပထမဦးဆုံး EA-37B အီလက်ထရောနစ်တိုက်ခိုက်ရေးလေယာဉ် အမေရိကန်လေတပ် လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၉

 

အမေရိကန်လေတပ် လေကြောင်းတိုက်ခိုက်ရေးဌာနချုပ်ဟာ ရန်သူ့ ကွပ်ကွဲကြီးကြပ်မှုကို နှောင့်ယှက်တိုက် ခိုက်နိုင်တဲ့ အီလက်ရောနစ်တိုက်ခိုက်ရေးစနစ် (Compass Call wide-area airborne electromagnetic attack system) တပ်ဆင်ထားတဲ့ ပထမဦးဆုံး EA-37B လေယာဉ်ကို အရီဇိုးနားပြည်နယ်ရှိ ဒေးဗစ်မန်သန် လေတပ်အခြေစိုက်စခန်းမှာ လက်ခံရရှိလိုက်ပြီဖြစ်ပါတယ်။

 

ဖြစ်လာနိုင်တဲ့ နိုင်ငံတကာစစ်ဆင်ရေးတွေအတွက် အမေရိကန်လေတပ်ဌာနချုပ်ရဲ့ အီလက်ထရောနစ်စစ်ဆင် ရေးစွမ်းရည်တွေကို အဆင့်မြှင့်တင်ဖို့အတွက် L3Harris ကုမ္ပဏီနဲ့ BAE systems တို့ ပူးပေါင်းပြီး EA-37B လေ ယာဉ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

အရပ်ဘက်သုံး Gulfstream G550 ဂျက်လေယာဉ်ကို အခြေခံထားတဲ့ Compass Call လေယာဉ်လို့ခေါ်တဲ့ ဒီလေယာဉ် ၁၀ စင်းကို အဆိုပါစီမံချက်အတွက် ထုတ်လုပ်ပြီး လွှဲပြောင်းပေးပို့သွားမှာဖြစ်ပါတယ်။

 

အမေရိကန်လေကြောင်းတိုက်ခိုက်ရေးဌာနချုပ်ဟာ ဒုတိယမြောက် EA-37B လေယာဉ်ကို ဒေးဗစ်မန်သန် လေ တပ်အခြေစိုက်စခန်းမှာပဲ အခုနှစ်အကုန်မှာ ထပ်မံလက်ခံရရှိမှာဖြစ်ပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ စွမ်းရည်ပြိုင်ဆိုင်မှုတွေလုပ်နေတဲ့ဘက်ကို ဆက်လက်ချီတက် နေရတဲ့အတွက် လက်ရှိအချိန်မှာ EA-37B လေယာဉ်ဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ long-range kill chain ecosystems နဲ့ anti-access area denial capabilities တွေကို ထုတ်လုပ်နေတဲ့ ရန် သူတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။” လို့ အမှတ် ၁၆ လေတပ်စခန်းဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ် ကြီး သောမတ်ဟန်စ်လေးက ပြောပါတယ်။

 

EA-37B လေယာဉ်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အသုံးပြုခဲ့တဲ့ EC-130 Compass Call လေ ယာဉ်တွေကို အစားထိုးသွားမှာဖြစ်ပြီး ဒီကနေ့အချိန်အထိ EC-130 လေယာဉ် ၁၄ စင်းအနက် ၉ စင်းကို အနား ပေးလိုက်ပြီဖြစ်ပါတယ်။

 

အရီဇိုးနားကို ပထမဦးဆုံးရောက်လာတဲ့ EA-37B လေယာဉ်ကို ဒီလေယာဉ်နဲ့အတူ နောက်ထပ်ဆောင်ရွက်မယ့် စစ်ဆင်ရေးတွေအတွက် လေတပ် တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

 

“EC-130 လေယာဉ်တွေဟာ ရည်ရွယ်ထားတဲ့အတိုင်း နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပြီးပါ ပြီ။ ဒါပေမဲ့ နောက်ထပ် လေယာဉ်သစ်တွေ ထပ်မံရောက်ရှိလာတာက ကျွန်တော်တို့မှာ နောက်ထပ်ဖြစ်ပေါ်လာ နိုင်တဲ့ ခြိမ်းခြောက်မှုအသစ်ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။” လို့ အမှတ် ၅၅ လေယာဉ်အုပ် တပ်မှူး ဗိုလ်မှူးကြီး မာ့ခ်ဟိုးဝဒ်က ပြောပါတယ်။

 

“တာဝေးပျံသန်းနိုင်စွမ်း၊ အရှိန်နဲ့ လျင်မြန်စွာရွှေ့လျားနိုင်မှုစွမ်းအင်ကို အဆင့်မြှင့်တင်ထားတဲ့ EA-37B လေ ယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်မယ့် လေတပ်တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်စဉ်မှာ ဆုံးဖြတ်ချက်တွေကို အချိန်နဲ့တပြေးညီ၊ ပြောင်းလွယ်ပြင်လွယ်၊ လျင်မြန်စွာ ချမှတ်ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

အလျား ၉၆.၅ ပေ ရှိတဲ့ EA-37B လေယာဉ်ဟာ တောင်ပံနှစ်ဖက်ထိပ်အကွာအဝေး ၉၃.၆ ပေရှိပါတယ်။ EA-37B လေယာဉ်မှာ Rolls Royce BR700 အင်ဂျင်နှစ်လုံးတပ်ဆင်ထားပြီး အမြင့်ဆုံး တစ်နာရီကို ၇၆၇ မိုင် ပျံသန်းနိုင်ပြီးတော့ ရေမိုင် ၄၄၁၀ မိုင် (၈၁၆၇ ကီလိုမီတာ/ ၅၀၅၇ မိုင်) အထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

ရန်သူ့ ကွပ်ကဲကြီးကြပ်မှုစနစ်ကို နှောင့်ယှက်တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတဲ့ ဒီအီလက်ထရောနစ် တိုက်ခိုက်ရေး လေယာဉ်ဟာ တပ်ဖွဲ့ဝင် ၉ ဦး တင်ဆောင်ပြီး အမြင့်ပေ ၄၅,၀၀၀ ကနေ စစ်ဆင်ရေးတာဝန်တွေကို ထမ်း ဆောင် နိုင်ပါတယ်။

 

Ref: First US Air Combat EA-37B Command Compass Call Aircraft Arrives in Arizona

 

#PeopleMedia


Share this post