ပထမႏွစ္ဝတ္စာသင္ႏွစ္၌ ၃၅ ရက္ခန္႔သာ ေက်ာင္းတက္သည့္ အလယ္တန္းျပဆရာမ ေျပာင္းေရႊ႕ေပးရန္ ေဒသခံမ်ား ၿမိဳ႕နယ္ပညာေရးမွဴး႐ုံးေရွ႕၌ ဆႏၵထုတ္ေဖာ္
PUBLISHED - November 14, 2019
ေရနံေခ်ာင္းၿမိဳ႕၊ အင္ေတာေက်းရြာအုပ္စု၊ သနပ္ကန္ေက်းရြာ၊ အလယ္တန္းေက်ာင္းတြင္တာဝန္က်ဆရာမ တစ္ဦးသည္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၊ ပထမႏွစ္ဝက္၌ စာလာသင္သည့္ ရက္ ၃၅ ရက္ခန္႔သာရွိသျဖင့္ အဆိုပါဆရာမအား ေျပာင္းေရႊ႕ေပးရန္ ေဒသခံမ်ားက ႏိုဝင္ဘာ ၁၄ ရက္ေန႔၊ နံနက္ပိုင္းက ၿမိဳ႕နယ္ပညာ ေရးမႈး႐ုံးေရွ႕တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
သနပ္ကန္ေက်းရြာအလယ္တန္းေက်ာင္းတြင္ ေက်ာင္းသား/သူဦးေရ(၂၇၈)ေယာက္ ပညာသင္ၾကားလ်က္ရွိၿပီး ဆရာမေဒၚဝင္းဝင္းေဌးမွ စာသင္ရန္ပ်က္ကြက္သည့္ရက္မ်ား၊ မ်ားေနသျဖင့္ကေလးမ်ား၏ ပညာေရးအခက္ အခဲျဖစ္ေနသည္ကုိ စိုးရိမ္၍ ယခုကဲ့သို႔ရြာေက်ာင္းမွေျပာင္းေရႊ႕ေပးရန္ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္ေၾကာင္း ေက်ာင္းသားမိဘျဖစ္သူကိုဝင္းေဖေအာင္က ေျပာၾကားသည္။
“ေက်ာင္းပ်က္တာမွန္ပါတယ္၊ အဲ့ဒီအတြက္လည္းဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းနဲ႔အညီ၊ အထက္ကုိ တင္ျပၿပီးပါၿပီ၊ အထက္ကလည္း လာေရာက္စစ္ေဆးၿပီးပါၿပီ၊ အေျဖေတာ့မထြက္ေသးပါဘူး။ အဲ့ဒီအတြက္လည္းဝန္ထမ္း စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ေဆာင္ရြက္လိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္”ဟု သနပ္ကန္ေက်းရြာ အလယ္တန္း ေက်ာင္း၊ေက်ာင္းအုပ္ဆရာႀကီးဦးသံလုံးက ေျပာသည္။
အဆိုပါေက်ာင္းတြင္ အလယ္တန္းျပ(၁) ဆရာမ၄ေယာက္၊ ကာယဆရာ ၁ ေယာက္၊ အလယ္တန္းျပ(၂) ဆရာမ ၁ ေယာက္၊ မူလတန္းျပဆရာမ ၃ ေယာက္ႏွင့္ ေက်ာင္းေစာင့္တစ္ဦးရွိၿပီး လစ္လပ္ေနရာအျဖစ္ အလယ္တန္းျပဆရာ/ဆရာမ ၂ ေယာက္ႏွင့္ မူလတန္းျပဆရာ/ဆရာမ ၂ ေယာက္လိုအပ္ေနေၾကာင္း သိရသည္။
(Unicode)
ပထမနှစ်ဝတ်စာသင်နှစ်၌ ၃၅ ရက်ခန့်သာ ကျောင်းတက်သည့် အလယ်တန်းပြဆရာမ ပြောင်းရွှေ့ပေးရန် ဒေသခံများ မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်
………………………………………………………………
ရေနံချောင်းမြို့၊ အင်တောကျေးရွာအုပ်စု၊ သနပ်ကန်ကျေးရွာ၊ အလယ်တန်းကျောင်းတွင်တာဝန်ကျဆရာမ တစ်ဦးသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပထမနှစ်ဝက်၌ စာလာသင်သည့် ရက် ၃၅ ရက်ခန့်သာရှိသဖြင့် အဆိုပါဆရာမအား ပြောင်းရွှေ့ပေးရန် ဒေသခံများက နိုဝင်ဘာ ၁၄ ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပညာ ရေးမှုးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သနပ်ကန်ကျေးရွာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူဦးရေ(၂၇၈)ယောက် ပညာသင်ကြားလျက်ရှိပြီး ဆရာမဒေါ်ဝင်းဝင်းဌေးမှ စာသင်ရန်ပျက်ကွက်သည့်ရက်များ၊ များနေသဖြင့်ကလေးများ၏ ပညာရေးအခက် အခဲဖြစ်နေသည်ကို စိုးရိမ်၍ ယခုကဲ့သို့ရွာကျောင်းမှပြောင်းရွှေ့ပေးရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ကျောင်းသားမိဘဖြစ်သူကိုဝင်းဖေအောင်က ပြောကြားသည်။
“ကျောင်းပျက်တာမှန်ပါတယ်၊ အဲ့ဒီအတွက်လည်းဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ၊ အထက်ကို တင်ပြပြီးပါပြီ၊ အထက်ကလည်း လာရောက်စစ်ဆေးပြီးပါပြီ၊ အဖြေတော့မထွက်သေးပါဘူး။ အဲ့ဒီအတွက်လည်းဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်လိမ့်မယ်လို့မျှော်လင့်ပါတယ်”ဟု သနပ်ကန်ကျေးရွာ အလယ်တန်း ကျောင်း၊ကျောင်းအုပ်ဆရာကြီးဦးသံလုံးက ပြောသည်။
အဆိုပါကျောင်းတွင် အလယ်တန်းပြ(၁) ဆရာမ၄ယောက်၊ ကာယဆရာ ၁ ယောက်၊ အလယ်တန်းပြ(၂) ဆရာမ ၁ ယောက်၊ မူလတန်းပြဆရာမ ၃ ယောက်နှင့် ကျောင်းစောင့်တစ်ဦးရှိပြီး လစ်လပ်နေရာအဖြစ် အလယ်တန်းပြဆရာ/ဆရာမ ၂ ယောက်နှင့် မူလတန်းပြဆရာ/ဆရာမ ၂ ယောက်လိုအပ်နေကြောင်း သိရသည်။
#PeopleMedia