ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် ကုန်ထုတ်လုပ်ငန်းတွေ အရှေ့တောင်အာရှကို ပြောင်းရွှေ့နေရာချလာ
PUBLISHED - January 18, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈
ပထဝီနိုင်ငံရေးဆိုင်ရာတင်းမာမှုတွေ မြင့်တက်လာတာကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေဟာ ၎င်းတို့ရဲ့ကုန်ထုတ်လုပ်ငန်းတွေကို အရှေ့တောင်အာရှကို ရွှေ့ပြောင်းလာခြင်း/ တိုးချဲ့လာခြင်း ဆောင်ရွက်လာကြတဲ့အတွက် စက်မှုလုပ်ငန်းသစ်တွေကို ပံ့ပိုးထားတဲ့ အခြေခံအဆောက်အဦတွေကြောင့် ရင်း နှီးမြှုပ်နံှမှုအသစ်တွေကို ဆွဲဆောင်ရာမှာ အရှေ့တောင်အာရှဒေသဟာ အဲဒီအားသာချက်ကို ဆက်လက်ထိန်း သိမ်းထားကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။
ကုန်ထုတ်လုပ်ငန်းတွေရွှေ့ပြောင်းလာတဲ့ အကျိုးကျေးဇူးကို ခံစားနေရတဲ့ နိုင်ငံတွေကြားထဲမှာ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါတယ်။
ထိုင်းနိုင်ငံက ကားထုတ်လုပ်မှုလုပ်ငန်းမျာ အကျိုးကျေးဇူးရရှိနေသလို ဗီယက်နမ်နိုင်ငံကလည်း အီလက်ထ ရောနစ်ထုတ်ကုန် အထူးသဖြင့် စမတ်ဖုန်းတွေနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေအတွက် စက်အစိတ် အပိုင်းထုတ်လုပ်မှုလုပ်ငန်းကနေ အကျိုးကျေးဇူးတွေရရှိနေပါတယ်။
စက်မှုထုတ်ကုန်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူအရေအတွက်ဟာအများပြားမြင့်တက်လာကြောင်း အထူးသဖြင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုများပြားလာကြောင်း လော်ဂျစ်စတစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ WHA Corporation က ပြောပါတယ်။
လျှပ်စစ်ကား (EV) လုပ်ငန်းပိုမိုတွင်ကျယ်လာပြီးနောက် ထိုင်းနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံတွေ တည်ထောင်ဖို့အတွက် ကားထုတ်လုပ်ရေးလုပ်ငန်းမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုများပြားလာနိုင်ဖွယ် ရှိကြောင်း WHA Corporation က မျှော်လင့်ထားပါတယ်။
မြင့်တက်လာတဲ့ဝယ်လိုအားကို အဆင်ပြေချောမွေ့စွာကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့ကြိုးပမ်းမှုတစ်ရပ်အဖြစ် WHA Corporation က ၎င်းတို့ရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ကို ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်မှာ တိုးချဲဖို့ စီစဉ်နေပါတယ်။
WHA Corporation ကုမ္ပဏီဟာ ရေဆိုးသန့်စင်ရေး၊ သက်တမ်းတိုးနိုင်တဲ့သဘာဝစွမ်းအင်နဲ့ စားသုံးသူများ အဆင်ပြေချောမွေ့စေရေးနဲ့ ကာဘွန်ဟန်ချက်ညီထိန်းချုပ်ရေးရည်မှန်းချက်တွေ ပြည့်မြောက်စေရေးအတွက် အခြေခံအဆောက်အဦတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲဒီလို အဆင့်မြှင့်တင်မယ့်လုပ်ငန်းတွေထဲမှာ အခုနှစ်အတွင်း အပြီးဆောင်ရွက်ဖို့ ခန့်မှန်းထားတဲ့ ရယောင်း ပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းစက်မှုဇုံက လျှပ်စစ်စွမ်းအား ၈ မီဂါဝပ်ထုတ်လုပ်ပေးမယ့် ရေပေါ်ဆိုလာ စခန်း တစ်ခုတည်ဆောက်ရေးလုပ်ငန်းလည်းပါဝင်ပါတယ်။
ဒါ့အပြင် အမှတ် ၁ အရှေ့ဘက်ကမ်းရိုးတန်းစက်မှုဇုံမှာမှာရှိတဲ့ ထိုင်းနိုင်ငံ ဖို့ဒ်မော်တော်ကားကုမ္ပဏီက ဆိုလာ ကားဝင်းတစ်ခု တည်ဆောက်ရေးလုပ်ငန်းလည်းပါဝင်ပါတယ်။
WHA Corporation ကုမ္ပဏီဟာ သက်တမ်းတိုးနိုင်တဲ့သဘာဝစွမ်းအင်တည်ဆောက်ရေးလုပ်ငန်းနဲ့ ကာဘွန် ဟန်ချက်ညီထိန်းချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားဖို့လည်း မျှော်လင့်စောင့်စားနေပါတယ်။
Ref: Geopolitical tensions continue to draw relocations to Southeast Asia
#PeopleMedia