• Follow Us on
Latest News

Home ပထွေးဖြစ်သူမှ အသက် (၇) နှစ်အရွယ် ကလေးတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ် အဓမ္မပြုကျင့်

ပထွေးဖြစ်သူမှ အသက် (၇) နှစ်အရွယ် ကလေးတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ် အဓမ္မပြုကျင့်

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်တွင် နေထိုင်သည့် ပထွေးဖြစ်သူမှ ဇနီးဖြစ်သူ ဈေးရောင်းထွက်နေစဉ် ၎င်း၏သမီးကို သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းက မိခင်ဖြစ်သူမှ တလူးဘက်သို့ ဈေးရောင်းထွက်နေစဉ် ၎င်း၏သမီးဖြစ်သူကို ပထွေး ဖြစ်သူနှင့် ထားခဲ့ပြီး ပထွေးဖြစ်သူမှ ကလေးငယ်အား သွေ့ဆောင်ဖျားယောင်းပြီး ကလေးငယ်ကို သား မယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် မိခင်ဖြစ်သူမှ ဈေးရောင်းပြီး နေအိမ်သို့ပြန်ရောက်စဉ် သမီးဖြစ်သူနှင့် ဘုရားသွားရန်အတွက် သနပ် ခါးလိမ်းပေးစဉ် သမီးဖြစ်သူမှာ မလိုက်ချင်ကြောင်း ငြင်းဆန်သောကြောင့်၊ မိခင်ဖြစ်သူမှာ ၎င်းယူထားသည့် အမျိုးသားဖြစ်သူနှင့် နေခဲ့ရန်ပြောပြီး သမီးဖြစ်သူမှာ မနေချင်သောကြောင့် ငိုပြီးကြောက်တယ်လို့ ပြောသော ကြောင့် သမီးဖြစ်သူကို ချော့ပြီးမေးရာ သမီးဖြစ်သူမှာ မိခင်၏ နောက်ယောကျာ်းမှ သားမယားပြုကျင့်ကြောင်း ပြောပြခဲ့သည်။

 

ထို့ကြောင့် မိခင်ဖြစ်သူမှ သမီးကို ဆေးခန်းပြရန်ခေါ်ဆောင်ပြီး၊ ၎င်း၏အမျိုးသားဖြစ်သူကို တနိုင်းမြို့ရဲစခန်းတွင် အမှုဖွင့်ပြီး တာဝန်ရှိသူများမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post