ပန်ခမ်းမြို့ တစ်မြို့လုံးကို Lock Down သတ်မှတ်ပြီး COVID-19 စစ်ဆေးမှုပြုလုပ်ရန် “ဝ” ကျန်းမာရေးအဖွဲ့ စီစဉ်

PUBLISHED - August 18, 2021
မန္တလေး၊ သြဂုတ် ၁၈ (People Media)
ယနေ့မှစ၍ ပန်ခမ်းမြို့ တစ်မြို့လုံးကို Lock Down သတ်မှတ်ပြီး မြို့၌ နေထိုင်သူများအားလုံးကို COVID-19 စစ်ဆေးမှုပြုလုပ်ရန် “ဝ” ပြည်နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီအဖွဲ့က စီစဉ် ဆောင်ရွက်လျက်ရှိသည်။
COVID-19 စစ်ဆေးပြုလုပ်ရာတွင် ဩဂုတ် ၁၈ ရက်မှ ဩဂုတ်လ ၂၂ ရက်ထိ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရန် “ဝ” ပြည်နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုကော် မတီအဖွဲ့မှ ထုတ်ပြန်လိုက်သည်။
ထိုသို့ စစ်ဆေးခြင်းကို အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ပြီး၊ Lock Down ကာလ၌ သက်ဆိုင်ရာဌာနများမှ လမ်းများ ပိတ်ထားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးဌာန၊ အခွန်ဌာနနှင့် သက်ဆိုင်ရာများမှ မတရားကုန်ဈေး နှုန်းမြှင့်တင်ခြင်းကို တားဆီးနှိမ်နှင်း ထိန်းချုပ်သွားမည်ဖြစ်သည်။
အကယ်၍ အထက်ပါ ထုတ်ပြန်ချက်ကို ကျုးလွန်ခဲ့ပါက အရေးယူခံရမည်ဖြစ်ကြောင့် “ဝ” တာဝန်ရှိသူများက ထုတ်ပြန်ထားပါသည်။
#PeopleMedia #ဝ #ပန်ခမ်းမြို့
(unicode)
…………………………………………………………….
မန်တလေး၊ သွဂုတျ ၁၈ (People Media)