ပန်းတနော်မြို့တွင် စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်း ကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
PUBLISHED - January 27, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ် ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်း သူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ကန့်ကွက်ရှုတ်ချပွဲကို ပန်းတနော်မြို့ ဂေါက်ကွင်း၌ စုရုံးစီတန်းပြီး နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံ တော်သီချင်းသီဆိုခြင်း၊ ကြွေးကြော်သံများသံပြိုင်ရွတ်ဆိုခြင်း၊ မျိုးချစ်မြန်မာ့ရဟန်းတော်များသမဂ္ဂ ဆရာ တော်ဦးဆောင်၍ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအား ကန့်ကွက်ရှုတ်ချ ကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများက ဗုဒ္ဓ ဘာသာစော်ကား ဖျက်စီးနေကြသည့် မိစ္ဆာများအား ဆန့်ကျင်ကြ-ဆန့်ကျင်ကြ၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတု တော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနဲ့ သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ) စသည့် စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံ များကြွေးကြော်၍ စီတန်းလှည့်လည် ရှုတ်ချခဲ့ကြောင်း သိရသည်။
#PeopleMedia