• Follow Us on
Latest News

Home ပန်းတောင်းမြို့တွင် (ဆွံ့အ နားမကြား)သည့် အမျိုးသားတစ်ဦးနေအိမ်မှ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပန်းတောင်းမြို့တွင် (ဆွံ့အ နားမကြား)သည့် အမျိုးသားတစ်ဦးနေအိမ်မှ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ မတ် ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်၊ ရွှေကျွန်းတော (၂) လမ်းတွင် (ဆွံ့အ နားမကြား)သည့် အမျိုးသားတစ်ဦးနေအိမ်မှ ရေနွေးအိုးတည်ထားရာ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယနေ့ မတ်လ ၁၉ ရက် နံနက် ၉ နာရီ ၂၁ အချိန်တွင် ပြည်တော်သာရပ်ကွက်၊ (၂) လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင့် ပန်းတောင်းမြို့နယ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အုတ်ရှစ်ပင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၃၃ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

အဆိုပါမီးလောင်သည့် နေအိမ်မှာ ဦးကြည်စန်းဖြစ်ပြီး ၎င်းမှာ (ဆွံ့အ နားမကြား)သူဖြစ်ပြီး နေအိမ်နောက် ဖေးရှိ မီးဖိုတွင် ရေနွေးအိုးတည်ထားရာမှ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ရာ အလျား (၃၀) ပေ၊ အနံ (၄၀) ပေ၊(၄) ပင် (၂) ထပ်အိမ်၊ သွပ်မိုး၊ ပျဉ်ကာနေအိမ်မှာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ၎င်းနေအိမ်တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post