• Follow Us on
Latest News

Home ပန်းတောင်းမြို့တွင် ဇီးသီးကောက်နေသည့် ကျောင်းသူတစ်ဦးကို အသက် (၁၁) နှစ်အရွယ် အမျိုးသား ငယ်များမှ တုတ်ဖြင့်ရိုက်

ပန်းတောင်းမြို့တွင် ဇီးသီးကောက်နေသည့် ကျောင်းသူတစ်ဦးကို အသက် (၁၁) နှစ်အရွယ် အမျိုးသား ငယ်များမှ တုတ်ဖြင့်ရိုက်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ ကျီးပင်ကျေးရွာအုပ်စု၊ ကျောက်ညပ်တဲစုရွာတွင် ဇီးသီးေ ကာက်နေသည့် (၄) တန်းကျောင်းသူတစ်ဦးကို အသက်(၁၁)နှစ်အရွယ် အမျိုးသားတစ်ဦးမှ တုတ်ဖြင့်ရိုတ်သ တ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလတွင် ဦးအောင်အောင်မှာ အရက်မူး၍ ပတ်ဝန်းကျင်ကို ဆဲဆိုနေ သော ကြောင့် အိမ်နီးချင်း အသက်(၂၀)နှစ်အရွယ် ရဲဝင်းထွန်းမှာ ထိုအမျိုးသားကို လက်သီးဖြင့် မျက်နှာကို ထိုးခဲ့သောကြောင့် ညိုမဲဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုရဲဝင်းထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်မာမာလွင်တို့မှာလည်း ဦးအောင်အောင်၏ သားဖြစ်သူကို တုတ်ဖြင့်ရိုက်သောကြောင့် ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာ များရ ရှိခဲ့ကြောင်း သိရသည်။

 

ထိုဖြစ်စဉ်များကို မကျေနပ်သောကြောင့် ဦးအောင်အောင်၏ သားဖြစ်သူ စိုင်းဝဏမှ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ခင်းအချိန်တွင် ရဲဝင်းထွန်း၏ ညီမဖြစ်သူ မယုသွယ်သွယ်ဝင်း မှာ ဆီးသီးကောက်နေအချိန်အတွင်း စိုင်းဝဏမှ ထိုမိန်းကလေးငယ်ကို အရှည် (၄)ပေ လုံးပတ် (၂)လက်မခန့်ရှိ ဝါးဆစ်ပိတ်တုတ် (၁) ချောင်းအား ယူ၍ ရိုက်ခဲ့ခြင်းဖြစ်ကြောင်း စိုင်းဝဏ္ဏမှ ဝန်းခံထွက်ဆိုခဲ့သည်။

 

ထိုကျူးလွန်သူ အသက်(၁၄) နှစ်အရွယ် စိုင်းဝဏကို ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းမှ (ပ)၂၁/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုဖြင့် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post