ပန်းတောင်းမြို့တွင် အမျိုးသား (၄) ဦးအနက် (၁) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရ
PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် အမျိုးသား (၄) ဦးအနက် (၁) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သော (၃) လခန့်က မင်္ဂဆောင်တစ်ခုတွင် သိန်းမျိုးဦးနှင့် လေးထွဋ်ဦးတို့မှာ စကားများရန်ဖြစ်ပြီး သိန်းမျိုးဦးမှာ မကျေနပ်သောကြောင့် စက်တင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီကျော်တွင် လေးထွဋ်ဦး၏ နေ အိမ်သို့ သိန်းမျိုးဦးနှင့်အတူ ၎င်း၏သားဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့မှာ ဓားများယူဆောင်ပြီး လေးထွဋ်ဦး၏ နေ အိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်အတွင်းရှိနေသည့် လေးထွဋ်ဦးကို ထိုအမျိုးသား (၃) ဦးမှ ဓားများဖြင့်ထိုး၍ လုံးထွေးသတ်ကြစဉ် လေးထွဋ်ဦးမှာ ဒဏ်ရာများရရှိပြီးနောက် သိန်းမျိုးဦး၏ ကိုင်ဆောင်ထားသည့် ဓားကိုလု ယူ၍ သိန်းမျိုးဦးကို ဓားဖြင့်ထိုးလိုက်ကြောင်း သိရသည်။
ထိုသိန်းမျိုးဦးမှာ ဓားဒဏ်ရာများဖြင့်သေဆုံးသွားကြောင်း၊ သိန်းမျိုးဦး၏ သားဖြစ်သူနှင့် ယောက်ဖတို့မှာ ထွက် ပြေးသွားကြောင်း၊ ဓားထိုးခံရမှုကြောင့် ကိုလေးထွဋ်ဦးမှာ ရင်ညွှန့် တွင်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ လက်ဖျံတွင် ပြက်ရှဒဏ်ရာ (၁) ချက်နှင့် ဘယ်ဘက်လက်ကောက်ဝတ်တွင် ပြက်ရှဒဏ်ရာ (၁) ချက်တို့ ရရှိခဲ့ကြောင်း သိရ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လေးထွဋ်ဦးကို ပန်းတောင်းမြို့မရဲစခန်းတွင် (ပ) ၁၃၄/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia