ပန်းတောင်းမြို့တွင် အမျိုးသားနှစ်ဦး အရက်အတူတူသောက်ရင်း ရန်ဖြစ်စကားများရာ အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

PUBLISHED - December 14, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ အထက်တောမကျေးရွာ၊ ညောင်ပင်အုပ်စုတွင် အမျိုးသား နှစ်ဦး အရက်အတူတူသောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းက ညောင်ပင်အုပ်စု တောမကျေးရွာ(ဒေသအခေါ်- မှန်တောင်) တွင် နေသည့် သက်ဇော်ပိုင်သည့် တောင်ယာတွင် အလယ်တောမကျေးရွာ၊ညောင်ပင်အုပ်စုတွင်နေသည့် ဦးဌေးဝင်းတို့မှာ ပဲစင်းငုံခုတ်ပြီးနောက် ထိုအမျိုးသားနှစ်ဦးမှာ အရက်အတူတူသောက်ရင်း ဦးဌေးဝင်းမှာ သက်ဇော်၏ ထမင်းပန်းကန်အား လွင့်ပစ်ခဲ့သောကြောင့် သက်ဇော်မှာ ထိုဦးဌေးဝင်းအား ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။
ထိုဓားခုတ်ခံရမူကြောင့် ဦးဌေးဝင်း၏ လည်ပင်းကို အရိုး(၁၁)လက်မ၊အသွား (၁)ပေ၊ (ပေ၊၃)လက်မ၊ ဗျက် (၃)လက်မခန့်ရှိ ဝါး/ထင်းခုတ်ဓါးမဖြင့် (၃)ချက် ခုတ်ခံရပြီး ဦးဌေးဝင်း၏ လည်ပင်းမှာပြတ်၍ ဦးခေါင်းမှာ ခန္ဒာကိုယ်မှ ပြုတ်ထွက်ပြီး သေဆုံးသွားကြောင်း သိရသည်။ ယင်းဖြစ်စဉ်အကြောင်းကို သက်ဇော်မှ ၎င်း၏ တောင်ယာတဲအနီးတွင် သေဆုံးသူ ဦးဌေးဝင်း၏ မရီးဖြစ်သူကို ပြောပြခဲ့ကြောင်း၊ ထိုအမျိုးသမီးမှ တာဝန်ရှိသူများကိုပြောပြခဲ့ပြီး ကျူးလွန်သူအမျိုးသားကို ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် (ပ)၁၅၅/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမူဖွင့်ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia