• Follow Us on
Latest News

Home ပရိသတ် ၂၂ ဦး သေဆုံးခဲ့တဲ့ မန်ချက်စတာရီနာအသေခံဗုံးခွဲမှုဖြစ်ပေါ်မလာအောင် ကာကွယ်တားဆီးဖို့ အတွက် MI5 ထောက်လှမ်းရေးအဖွဲ့ တာဝန်ပျက်ကွက်ခဲ့တယ်လို့ဆို

ပရိသတ် ၂၂ ဦး သေဆုံးခဲ့တဲ့ မန်ချက်စတာရီနာအသေခံဗုံးခွဲမှုဖြစ်ပေါ်မလာအောင် ကာကွယ်တားဆီးဖို့ အတွက် MI5 ထောက်လှမ်းရေးအဖွဲ့ တာဝန်ပျက်ကွက်ခဲ့တယ်လို့ဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

 

ဗြိတိန်ပြည်တွင်းတန်ပြန်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MI5 ခေါ် အမှတ် ၅ စစ် ထောက်လှမ်းရေးအဖွဲ့ဟာ မန္ခ်က္စတာရီနာ Manchester Arena အားကစားပြိုင်ကွင်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို ကာကွယ်တားဆီးဖို့ အခွင့်အလမ်းပေါင်းများစွာရရှိခဲ့ပေမဲ့ တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မကြာခင်အဝေဖန်ခံရတော့မယ့်ကိန်းဆိုက်နေပြီဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ် မေလက မန်ချက်စတာရီနာအားကစားပြိုင်ကွင်းမှာ Ariana Grande စင်တင်တေးဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့ရာ အဲဒီဖျော်ဖြေပွဲမှာ ဆဲလ်မန်အဘတ်ဒီဆိုသူ လူငယ်တစ်ဦးက လက်လုပ်ဗုံးတစ်လုံးနဲ့ အသေခံဗုံး ဖောက်ခွဲခဲ့တဲ့အတွက် ပရိသတ် ၂၂ ဦး သေဆုံးခဲ့ပါတယ်။

 

ဒါပေမဲ့ အဲဒီဗုံးဖောက်ခွဲခဲ့တဲ့လူငယ်ကို MI5 စစ်ထောက်လှမ်းရေးက ၂၀၁၄ ခုနှစ်ကတည်းက ခြေရာခံ သတိပြုမိခဲ့ကြောင်း သက်သေအထောက်အထားတစ်ခု ဖော်ထုတ်နိုင်ခဲ့ပါတယ်။

 

အဲဒီအကြမ်းဖက်ဗုံးဖောက်ခွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရစုံစမ်းစစ်ဆေးရေး အပြီးသတ်အစီရင်ခံစာ မတ္လ ၂ ရက်နေ့ (ကြာသာပတေးနေ့) မွာ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဆာဂျွန်ဆောင်းဒါးစ်က MI5 စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ တာဝန်ပျက် ကွက်မှုကို အရင်ကတည်းက ထောက်ပြခဲ့သူြုဖစ်ပါတယ်။

 

လက်ရှိအချိန်မှာ ၎င်းက ဖြစ်စဉ်နဲ့ပတ်သက်ပြီး MI5 စစ် ထောက်လှမ်းရေးအဖွဲ့ကို ပြစ်တင်ဝေဖန်လိ်မ့် မယ်လို့ မျှော်လင့်ထားကြပါတယ်။

 

MI5 စစ်ထောက်လှမ်းရေးအဖွဲ့အနေနဲ့ အဘတ်ဒီရဲ့အကြောင်းကိုသိခဲ့တယ်ဆိုတာ သက်သေခံအထောက် အထားတွေ အများအပြားရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

ဒါပေမဲ့ အဘတ္ဒီဟာ အခြေခံဝါဒကျင့်သုံးမှု လက္ခဏာမျိုး ထုတ်ဖော်ပြသတာကို စိုးရိမ်ပြီး အဖြစ်အပျက် သုံးခုအတွက် ၎င်းကို ဖမ်းဆီးခဲ့တယ်လို့ သိထားကြပါတယ်။

 

အဘတ္ဒီကို သံသယဖြစ်ဖွယ်ရာကောင်းတဲ့ပုဂ္ဂိုလ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လအတွင်း ကြေညာခဲ့ပြီး ၎င်းကို MI5 စစ်ထောက်လှမ်းရေးအဖွဲ့က စစ်ဆေးနေတယ်ဆိုပေမဲ့ လပေါင်းများစွာကြာပြီးတဲ့နောက်ပိုင်းမှာ အဲဒီ အမှုကို ပိတ်သိမ်းခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီနောက် အဲဒီနှစ် အောက်တိုဘာလအတွင်းမှာပဲ အမှုပြန်ဖွင့်ခဲ့ပေမဲ့ တစ်ရက်အကြာမှာ ပြန်လည် ပိတ်သိမ်းခဲ့ပြန်တယ်လို့ဆိုပါတယ်။

 

၂၀၁၇ ခုနှစ် မေလမတိုင်ခင် လပေါင်းများစွာအတွင်း အဘတ်ဒီနဲ့ပတ်သက်တဲ့ထောက်လှမ်းရေးသတင်း တွေကို MI5 စစ်ထောက်လှမ်းရေးအဖွဲ့က နှစ်ကြိမ်ရရှိခဲ့ပေမဲ့ အကြမ်းဖက်မှုလုပ်ဆောင်နိုင်တဲ့ပတ်သက်မှု မျိုးမတွေ့ရဘူးလို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

 

အဘတ္ဒီဟာ ၂၀၁၇ ခုနှစ်အစောပိုင်းကာလက အကြမ်းဖက်သမားတစ်ဦးနဲ့ ပုံမှန်အဆက်အသွယ်ရှိခဲ့ တယ်ဆိုတာကိုလည်း MI5 စစ်ထောက်လှမ်းရေးအဖွဲ့က သိရှိထားတယ်လို့ဆိုပါတယ်။

 

ဒါပေမဲ့ ပရိသတ် ၂၂ ဦးသေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုကို အဘတ္ဒီ မကျူးလွန်ခင် လေးရက်အလို ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့မှာ လစ်ဗျားနိုင်ငံကနေ ဗြိတိန်ကို ပြန်လာခဲ့တဲ့အကြောင်းကိုလည်း ထောက်လှမ်းရေး အဖွဲ့က ၎င်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

အဘတ်ဒီရဲ့ညီဖြစ်သူ အခုအချိန်မှာ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဟက်ရှမ်ကတော့ အစ်ကိုဖြစ်သူအသေခံ ဗုံးခွဲမှုမှာ ပူးပေါင်းကူညီခဲ့တဲ့အမှုနဲ့ ၂၀၂၀ ပြည့် နှစ်မှာ ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရပါတယ်။

 

အဘတ်ဒီနဲ့ ဟက်ရှမ်တို့ရဲ့အစ်ကိုဖြစ်သူ အသက် ၂၉ နှစ်အရွယ် အစ္စမေးလ်ကတော့ ၂၀၂၁ ခုနှစ်မှာ ဗြိတိန်နိုင် ငံကေန ထွက်ခွာသွားပါတယ်။ အဘတ်ဒီနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေဟာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ခြိမ်းခြောက်မှုရဲ့ မျှော်လင့်မထားနိုင်တဲ့ အတိုင်းအတာပမာဏရဲ့ ဆက်စပ်စဉ်းစားရမယ့် အခြေအနေထဲမှာရောက်နေကြောင်း MI5 စစ်ထောက်လှမ်း ရေးအဖွဲ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ပျက်ကွက်မှုအမျိုးမျိုးကို ဆာဂျွန်ဆောင်းဒါးစ်က ဆန်းစစ် လေ့လာပြီး အကြံပြုချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လို့ ဗုံးခွဲမှုမှာ သေဆုံးခဲ့တဲ့မိသားစုဝင်တွေရဲ့ရှေ့နေ ရစ္ခ်တ္စကိုရာက ပြောပါတယ်။

 

Ref: MI5 ‘missed chances’ to stop Manchester Arena bomber who killed 22 in terror attack #Newvisionmedia

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 

ဒါပမေဲ့ အဘတ်ဒီဟာ အခွခေံဝါဒကငြ့ျသုံးမှု လက်ခဏာမြိုး ထုတျဖောျပွသတာကို စိုးရိမျပွီး အဖွဈအပကြျ သုံးခုအတှကျ ၎င်းငျးကို ဖမျးဆီးခဲ့တယျလို့ သိထားကွပါတယျ။

 


 


 


 


 


 


 


 


 

Ref: MI5 ‘missed chances’ to stop Manchester Arena bomber who killed 22 in terror attack #Newvisionmedia

 

#PeopleMedia


Share this post