ပလက္ဝရွိ တိုက္ပြဲေရွာင္ ျပည္သူမ်ားအတြက္ တည္ေဆာက္သည့္ အိမ္ယာမ်ား ရာႏႈန္းျပည့္ ၿပီးစီးဆိုသည့္သတင္း ေဝဖန္မႈခံရသည့္အတြက္ နိုင္ငံပိုင္မီဒီယာ ျပန္လည္ျဖဳတ္ခ်

PUBLISHED - October 21, 2020
ရန္ကုန္၊ ေအာက္တိုဘာ ၂၁
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ တိုက္ပြဲေရွာင္ျပည္သူမ်ားအတြက္ တည္ေဆာက္ေပးသည့္ ေနအိမ္မ်ား ရာႏူန္းျပည့္ ၿပီးစီးေနၿပီဆိုသည့္သတင္အား နိုင္ငံပိုင္မီဒီယာက ေဖာ္ျပၿပီး ေဝဖန္မႈမ်ား ျမင့္တက္ခဲ့သည့္အတြက္ ျပန္လည္ျဖဳတ္ခ် လိုက္ပါတယ္။
အဆိုပါသတင္းကို နိုင္ငံပိုင္မီဒီယာျဖစ္သည့္ MRTV သတင္းဌာန Page ၌ ေအာက္တိုဘာ (၂၀)ရက္၌ ေဖာ္ျပၿပီး ျပန္လည္ျဖဳတ္ခ်လိုက္တာျဖစ္ပါတယ္။
တိုက္ပြဲေရွာင္မ်ားအတြက္ ေနအိမ္မ်ားကို ဝါးမ်ားျဖင့္ တည္ေဆာက္ကာ အမိုးအား တာေပၚလင္ႏွင့္ ဓနိမ်ားမိုးထားၿပီး က်ပ္သန္း ၁၂၀ အသုံးျပဳကာ တည္ေဆာက္ထားေၾကာင္း နိုင္ငံပိုင္မီဒီယာက ေဖာ္ျပလိုက္တာလည္း ျဖစ္ပါတယ္။
အဆိုပါသတင္းအား နိုင္ငံပိုင္မီဒီယာ တြင္ေဖာ္ျပရာတြင္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြင္း အမ်ိဳးသားသဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ေကာ္မတီရန္ပုံေငြ က်ပ္သန္း(၁၂၀)ျဖင့္ ပလက္ဝၿမိဳ႕တြင္ လုံးခ်င္းအိမ္ အလုံး(၆၀၀)ကို လည္းေကာင္း၊ ခြင့္ျပဳရန္ပုံေငြ က်ပ္(၁၁၈.၁၃၉) သန္း ျဖင့္ ဆမီးၿမိဳ႕တြင္ ယာယီတဲ (၈)လုံး၊ လုံးခ်င္းတဲ အလုံး(၄၀)၊ (၂)ခန္းတြဲ သန႔္စင္ခန္း အလုံး (၁၀၀)၊ ယာယီေရကန္ (၁)ခု၊ မီးဇာေက်းရြာတြင္ ယာယီစားဖိုေဆာင္ႏွင့္ ခန္းမ (၂)ခု၊ အုပ္ခ်ဳပ္ေရး၊ လုံျခဳံေရးႏွင့္ က်န္းမာေရးအတြက္ အခန္း (၁)ခန္း၊ (၂)ခန္းတြဲ အိမ္ရာ (၂၅)လုံး ႏွင့္ စိမ္းစင္းဝ ေက်းရြာတြင္ လုံးခ်င္းတဲ အလုံး(၇၀) တို႔ကိုလည္းေကာင္း၊ ခြင့္ျပဳရန္ပုံေငြ က်ပ္ (၃၅)သန္းျဖင့္ ပလက္ဝၿမိဳ႕၊ ဆမီးၿမိဳ႕ႏွင့္ စိမ္းစင္းဝေက်းရြာတို႔တြင္ COVID-19 သံသယလူနာႏွင့္ ေစာင့္ၾကည့္ လူနာမ်ား ထားရွိရန္ Long House (၇)လုံးကို လည္းေကာင္း၊ ခြင့္ျပဳရန္ပုံေငြ (၃၆)သန္းျဖင့္ ပလက္ဝၿမိဳ႕တြင္ Long House (၂)လုံး၊ ဆမီးၿမိဳ႕တြင္ Long House (၁)လုံးႏွင့္ မီးဇာေက်းရြာတြင္ Long House (၂)လုံးတို႔ကို လည္းေကာင္း တည္ေဆာက္ၿပီးစီးၿပီျဖစ္ေၾကာင္း နိုင္ငံပိုင္မီဒီယာမွေဖာ္ေျပာထားပါတယ္။
ထိုအျပင္ ၂၀၂၀ျပည့္ႏွစ္ ေအာက္တိုဘာလအထိ ပလက္ဝၿမိဳ႕ေပၚတြင္ တိုက္ပြဲေရွာင္စခန္း (၁၃)ခု၊ အိမ္ေထာင္စု (၉၂၂)စု၊ လူဦးေရ (၄၁၁၅)ဦး၊ ဆမီးၿမိဳ႕တြင္ တိုက္ပြဲေရွာင္ စခန္း (၅)ခု၊ အိမ္ေထာင္စု (၈၁၆)စု၊ လူဦးေရ (၃၃၈၈)ဦး၊ စိမ္းစင္း ဝေက်းရြာတြင္ တိုက္ပြဲေရွာင္စခန္း (၁)ခု၊ အိမ္ေထာင္စု (၁၂၁)စု၊ လူဦးေရ (၄၈၈)ဦး၊ မီးဇာ ေက်းရြာတြင္ တိုက္ပြဲေရွာင္စခန္း (၁)ခု၊ အိမ္ေထာင္စု (၁၀၅)စု၊ လူဦးေရ (၅၃၉) ဦး၊ ရွင္းလက္ဝေက်းရြာတြင္ တိုက္ပြဲေရွာင္စခန္း (၁)ခု၊ အိမ္ေထာင္စု (၈)စု၊ လူဦးေရ (၄၂)ဦး၊ ဖ႐ုံေခ်ာင္းေက်းရြာတြင္ တိုက္ပြဲေရွာင္စခန္း (၁)ခု၊ အိမ္ေထာင္စု (၆)စု၊ လူဦးေရ (၁၃)ဦး၊ ကြမ္းေတာင္ ေက်းရြာတြင္ တိုက္ပြဲေရွာင္ စခန္း (၁)ခု၊ အိမ္ေထာင္စု (၉)စု၊ လူဦးေရ (၅၅)ဦး၊ ငပြီေက်းရြာတြင္ တိုက္ပြဲေရွာင္စခန္း (၁)ခု၊ အိမ္ေထာင္စု (၇၄)စု၊ လူဦးေရ (၃၄၃)ဦးရွိသျဖင့္ ပလက္ဝၿမိဳ႕နယ္တြင္ တိုက္ပြဲေရွာင္စခန္း စုစုေပါင္း (၂၄)ခု၊ အိမ္ေထာင္စု (၂၀၆၁)စု ႏွင့္ လူဦးေရ (၈၉၈၃)ဦး ရွိေၾကာင္း ခ်င္းျပည္နယ္ ေဘးႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးမင္းသိန္းက ေျပာၾကားေၾကာင္း နိုင္ငံပိုင္မီဒီယာက ေဖာ္ျပခဲ့ပါတယ္။
Photo – MRTV
#PeopleMedia #တိုက္ပြဲေရွာင္ #ပလက္ဝ
(unicode)
ပလက်ဝရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် တည်ဆောက်သည့် အိမ်ယာများ ရာနှုန်းပြည့် ပြီးစီးဆိုသည့်သတင်း ဝေဖန်မှုခံရသည့်အတွက် နိုင်ငံပိုင်မီဒီယာ ပြန်လည်ဖြုတ်ချ
……………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၁
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအတွက် တည်ဆောက်ပေးသည့် နေအိမ်များ ရာနူန်းပြည့် ပြီးစီးနေပြီဆိုသည့်သတင်အား နိုင်ငံပိုင်မီဒီယာက ဖော်ပြပြီး ဝေဖန်မှုများ မြင့်တက်ခဲ့သည့်အတွက် ပြန်လည်ဖြုတ်ချ လိုက်ပါတယ်။
အဆိုပါသတင်းကို နိုင်ငံပိုင်မီဒီယာဖြစ်သည့် MRTV သတင်းဌာန Page ၌ အောက်တိုဘာ (၂၀)ရက်၌ ဖော်ပြပြီး ပြန်လည်ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
တိုက်ပွဲရှောင်များအတွက် နေအိမ်များကို ဝါးများဖြင့် တည်ဆောက်ကာ အမိုးအား တာပေါ်လင်နှင့် ဓနိများမိုးထားပြီး ကျပ်သန်း ၁၂၀ အသုံးပြုကာ တည်ဆောက်ထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။
အဆိုပါသတင်းအား နိုင်ငံပိုင်မီဒီယာ တွင်ဖော်ပြရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေ ကျပ်သန်း(၁၂၀)ဖြင့် ပလက်ဝမြို့တွင် လုံးချင်းအိမ် အလုံး(၆၀၀)ကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၁၈.၁၃၉) သန်း ဖြင့် ဆမီးမြို့တွင် ယာယီတဲ (၈)လုံး၊ လုံးချင်းတဲ အလုံး(၄၀)၊ (၂)ခန်းတွဲ သန့်စင်ခန်း အလုံး (၁၀၀)၊ ယာယီရေကန် (၁)ခု၊ မီးဇာကျေးရွာတွင် ယာယီစားဖိုဆောင်နှင့် ခန်းမ (၂)ခု၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် အခန်း (၁)ခန်း၊ (၂)ခန်းတွဲ အိမ်ရာ (၂၅)လုံး နှင့် စိမ်းစင်းဝ ကျေးရွာတွင် လုံးချင်းတဲ အလုံး(၇၀) တို့ကိုလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၅)သန်းဖြင့် ပလက်ဝမြို့၊ ဆမီးမြို့နှင့် စိမ်းစင်းဝကျေးရွာတို့တွင် COVID-19 သံသယလူနာနှင့် စောင့်ကြည့် လူနာများ ထားရှိရန် Long House (၇)လုံးကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၃၆)သန်းဖြင့် ပလက်ဝမြို့တွင် Long House (၂)လုံး၊ ဆမီးမြို့တွင် Long House (၁)လုံးနှင့် မီးဇာကျေးရွာတွင် Long House (၂)လုံးတို့ကို လည်းကောင်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှဖော်ပြောထားပါတယ်။
ထိုအပြင် ၂၀၂ဝပြည့်နှစ် အောက်တိုဘာလအထိ ပလက်ဝမြို့ပေါ်တွင် တိုက်ပွဲရှောင်စခန်း (၁၃)ခု၊ အိမ်ထောင်စု (၉၂၂)စု၊ လူဦးရေ (၄၁၁၅)ဦး၊ ဆမီးမြို့တွင် တိုက်ပွဲရှောင် စခန်း (၅)ခု၊ အိမ်ထောင်စု (၈၁၆)စု၊ လူဦးရေ (၃၃၈၈)ဦး၊ စိမ်းစင်း ဝကျေးရွာတွင် တိုက်ပွဲရှောင်စခန်း (၁)ခု၊ အိမ်ထောင်စု (၁၂၁)စု၊ လူဦးရေ (၄၈၈)ဦး၊ မီးဇာ ကျေးရွာတွင် တိုက်ပွဲရှောင်စခန်း (၁)ခု၊ အိမ်ထောင်စု (၁၀၅)စု၊ လူဦးရေ (၅၃၉) ဦး၊ ရှင်းလက်ဝကျေးရွာတွင် တိုက်ပွဲရှောင်စခန်း (၁)ခု၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၄၂)ဦး၊ ဖရုံချောင်းကျေးရွာတွင် တိုက်ပွဲရှောင်စခန်း (၁)ခု၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၁၃)ဦး၊ ကွမ်းတောင် ကျေးရွာတွင် တိုက်ပွဲရှောင် စခန်း (၁)ခု၊ အိမ်ထောင်စု (၉)စု၊ လူဦးရေ (၅၅)ဦး၊ ငပွီကျေးရွာတွင် တိုက်ပွဲရှောင်စခန်း (၁)ခု၊ အိမ်ထောင်စု (၇၄)စု၊ လူဦးရေ (၃၄၃)ဦးရှိသဖြင့် ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင်စခန်း စုစုပေါင်း (၂၄)ခု၊ အိမ်ထောင်စု (၂၀၆၁)စု နှင့် လူဦးရေ (၈၉၈၃)ဦး ရှိကြောင်း ချင်းပြည်နယ် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောကြားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
Photo – MRTV
#PeopleMedia #တိုက်ပွဲရှောင် #ပလက်ဝ