“ပလက္ဝၿမိဳ႕နယ္မွာ ၾကက္ဥ ၃လုံး ၁၀၀၀ က်ပ္ ျဖစ္ေပၚ ရခုိင့္လက္နက္ကုိင္ AA ႏွင့္ တပ္မေတာ္တုိက္ပြဲမ်ား ေၾကာင့္ ပလက္ဝၿမိဳ႕နယ္၌ ဆန္ျပတ္လပ္မႈျဖစ္ေပၚ၊ အေျခခံကုန္ေစ်းႏႈန္းမ်ားျမင့္တက္လာ

PUBLISHED - February 19, 2020
ကေလး၊ ေဖေဖာ္ဝါရီ – ၁၉
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕တြင္ ဆန္ျပတ္လပ္လုနီးပါးျဖစ္ေနမႈႏွင့္ အေျခခံကုန္ေစ်းႏႈန္းမ်ား ျမႇင့္တက္ေနမႈကို ျပည္နယ္အစိုးရႏွင့္ ျပည္ေထာင္စုအစိုးရတို႔က ကူညီေဆာင္႐ြက္ရန္ လုပ္ေဆာင္ေနေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ေျပာခြင့္ဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီးဦးစိုးထက္က ေျပာသည္။
ရခုိင့္လက္နက္ကုိင္ AA ႏွင့္ တပ္မေတာ္တုိက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕နယ္၌ ဆန္ျပတ္လပ္မႈျဖစ္ေပၚလာၿပီး အေျခခံကုန္ေစ်းႏႈန္းမ်ားျမင့္တက္လာေၾကာင္း ေဒသခံမ်ားက ဆုိပါတယ္။ ယခင္က ရခိုင္ျပည္နယ္ ေက်ာက္ ေတာ္ဘက္မွ ကုန္သြယ္၊ အေရာင္းအဝယ္သမားမ်ားသည္ ပလက္ဝၿမိဳ႕သို႔ ေရလမ္းေၾကာင္းမွ စက္ေလွျဖင့္ ပုံမွန္သယ္ယူအေရာင္းအဝယ္ျပဳလုပ္ေနၿပီး စက္ေလွပိတ္လိုက္ျခင္းေၾကာင့္ ယခုလိုျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ၿမိဳ႕နယ္က တင္ျပလာတဲ့အေပၚမွာ ျပည္နယ္အစိုးရကေန ျပည္ေထာင္စုကို တင္ျပထားၿပီးၿပီ။ လက္ရွိေနာက္ဆုံး အေျခအေနေတြလည္း တင္ျပေနတယ္။ ဒါကိုျပည္နယ္အစိုးရနဲ႔ ျပည္ေထာင္စုအစိုးရေတြက ကူညီေဆာင္႐ြက္ဖို႔ လုပ္ေနတယ္။ ဒါေပမယ့္လက္ေတြ႕မွာ နယ္ေျမကေအးခ်မ္းမႈမရွိတဲ့အတြက္ တပ္မေတာ္လႊဲၿပီး က်န္တဲ့သူေတြ က ဆက္လုပ္ဖို႔ အဆင္မေျပတဲ့သေဘာရွိတယ္။ ပလက္ဝနဲ႔ ေက်ာက္ေတာ္ေရလမ္းေၾကာင္းကေန သြားလို႔ မရဘူး။ ကားလမ္းေၾကာင္းကေနလဲသြားလို႔မရဘူး” ဟု ဦးစိုးထက္ကေျပာသည္။
ပလက္၀ႏွင့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အၾကား ပုံမွန္ေျပးဆြဲေနသည့္ စက္ေလွမ်ားသည္ တိုက္ပြဲျဖစ္ပြား ေနမႈေၾကာင့္ မေျပးဆြဲေတာ့ျခင္းျဖစ္သည္ဟု သိရသည္။ ပလက္၀ႏွင့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အၾကား ပုံမွန္ေျပးဆြဲေနသည့္ စက္ေလွမ်ားပိတ္လိုက္ျခင္းေၾကာင့္ ေက်ာက္ေတာ္ဘက္တြင္ ပလက္ဝေဒသခံလူဦးေရ ၂၀၀ ခန္႔အား ေသာင္တင္ပိတ္မိေနျခင္းျဖစ္သည္။ ပလက္၀ႏွင့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အၾကား ပုံမွန္ေျပးဆြဲေနသည့္ စက္ေလွမ်ားမေျပးဆြဲေတာ့သည့္အတြက္ ၿမိဳ႕ေပၚတြင္ အေရးေပၚသိုေလွာင္ထားသည့္ ဆန္အနည္းငယ္သာ က်န္ေတာ့ေၾကာင္း ေဒသခံမ်ား၏ေျပာျပခ်က္အရ သိရသည္။
“ၿမိဳ႕ေပၚက ဆန္ဆိုင္ေတြဆိုရင္ ေရာင္းစရာဆန္ေတြမရွိလို႔ ပိတ္ထားရတယ္။ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန က အေရးေပၚနဲ႔ ဒုကၡသည္ေတြကူညီဖို႔ သိုေလွာင္ထားတဲ့ဆန္ေတြ ထုတ္ေရာင္းေနတယ္။ အရင္က ၾကက္ဥ ၇ လုံးမွ ေငြက်ပ္ ၁၀၀၀ ပါ။ အခုဆိုရင္ ၾကက္ဥ ၃ လုံး ၁၀၀၀ ျဖစ္ေနတယ္။ အေျခခံကုန္ေစ်းႏႈန္းကလဲ ျမႇင့္တက္ လာတယ္”ဟု ပလက္ဝၿမိဳ႕ေဒသခံတစ္ဦးကေျပာသည္။
သူရိယထက္
(Unicode)
“ပလက်ဝမြို့နယ်မှာ ကြက်ဥ ၃လုံး ၁၀၀၀ ကျပ် ဖြစ်ပေါ် ရခိုင့်လက်နက်ကိုင် AA နှင့် တပ်မတော်တိုက်ပွဲများ ကြောင့် ပလက်ဝမြို့နယ်၌ ဆန်ပြတ်လပ်မှုဖြစ်ပေါ်၊ အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာ
…………………………………………………………
ကလေး၊ ဖေဖော်ဝါရီ – ၁၉
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဆန်ပြတ်လပ်လုနီးပါးဖြစ်နေမှုနှင့် အခြေခံကုန်ဈေးနှုန်းများ မြှင့်တက်နေမှုကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က ကူညီဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။
ရခိုင့်လက်နက်ကိုင် AA နှင့် တပ်မတော်တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၌ ဆန်ပြတ်လပ်မှုဖြစ်ပေါ်လာပြီး အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာကြောင်း ဒေသခံများက ဆိုပါတယ်။ ယခင်က ရခိုင်ပြည်နယ် ကျောက် တော်ဘက်မှ ကုန်သွယ်၊ အရောင်းအဝယ်သမားများသည် ပလက်ဝမြို့သို့ ရေလမ်းကြောင်းမှ စက်လှေဖြင့် ပုံမှန်သယ်ယူအရောင်းအဝယ်ပြုလုပ်နေပြီး စက်လှေပိတ်လိုက်ခြင်းကြောင့် ယခုလိုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
“မြို့နယ်က တင်ပြလာတဲ့အပေါ်မှာ ပြည်နယ်အစိုးရကနေ ပြည်ထောင်စုကို တင်ပြထားပြီးပြီ။ လက်ရှိနောက်ဆုံး အခြေအနေတွေလည်း တင်ပြနေတယ်။ ဒါကိုပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေက ကူညီဆောင်ရွက်ဖို့ လုပ်နေတယ်။ ဒါပေမယ့်လက်တွေ့မှာ နယ်မြေကအေးချမ်းမှုမရှိတဲ့အတွက် တပ်မတော်လွှဲပြီး ကျန်တဲ့သူတွေ က ဆက်လုပ်ဖို့ အဆင်မပြေတဲ့သဘောရှိတယ်။ ပလက်ဝနဲ့ ကျောက်တော်ရေလမ်းကြောင်းကနေ သွားလို့ မရဘူး။ ကားလမ်းကြောင်းကနေလဲသွားလို့မရဘူး” ဟု ဦးစိုးထက်ကပြောသည်။
ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများသည် တိုက်ပွဲဖြစ်ပွား နေမှုကြောင့် မပြေးဆွဲတော့ခြင်းဖြစ်သည်ဟု သိရသည်။ ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများပိတ်လိုက်ခြင်းကြောင့် ကျောက်တော်ဘက်တွင် ပလက်ဝဒေသခံလူဦးရေ ၂၀၀ ခန့်အား သောင်တင်ပိတ်မိနေခြင်းဖြစ်သည်။ ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများမပြေးဆွဲတော့သည့်အတွက် မြို့ပေါ်တွင် အရေးပေါ်သိုလှောင်ထားသည့် ဆန်အနည်းငယ်သာ ကျန်တော့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
“မြို့ပေါ်က ဆန်ဆိုင်တွေဆိုရင် ရောင်းစရာဆန်တွေမရှိလို့ ပိတ်ထားရတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က အရေးပေါ်နဲ့ ဒုက္ခသည်တွေကူညီဖို့ သိုလှောင်ထားတဲ့ဆန်တွေ ထုတ်ရောင်းနေတယ်။ အရင်က ကြက်ဥ ၇ လုံးမှ ငွေကျပ် ၁၀၀၀ ပါ။ အခုဆိုရင် ကြက်ဥ ၃ လုံး ၁၀၀၀ ဖြစ်နေတယ်။ အခြေခံကုန်ဈေးနှုန်းကလဲ မြှင့်တက် လာတယ်”ဟု ပလက်ဝမြို့ဒေသခံတစ်ဦးကပြောသည်။
သူရိယထက်
#PeopleMedia #MPI